ဖျံတွေ အသတ်ခံ နေရမှု ကူညီတားဆီးပေးဖို့ ပူတင်ဆီ စာရေးတဲ့ ပင်မလာ အန်ဒါဆင်

alt

Baywatch မင်းသမီး ပင်မလာ အန်ဒါဆင် က သူမ၏ ဇာတိနိုင်ငံ ကနေဒါရှိ ရေခဲဖျံများ သတ်ဖြတ် ခံနေရခြင်း အတွက် ရုရှား ၀န်ကြီးချုပ် ဗလာဒီမာ ပူတင် ထံသို့ စာတစောင် ရေးသား ပေးပို့ခဲ့သည်။

ပုဂ္ဂိုလ်ရေး အဖြစ် ရေးသား ပေးပို့ခဲ့သော စာအတွင်း ကနေဒါ ၀န်ကြီးချုပ် စတီဖန်ဟာပါ အနေနှင့် ဖျံများ ရက်ရက်စက်စက် သတ်ဖြတ် ခံနေ ရသည်ကို ခွင့်ပြု ထားသဖြင့် ဖျံမုဆိုးများ သည် ဖျံကြီးများ သာမက ဖျံပေါက်လေးများ ကိုပါ သတ်ဖြတ်လျှက် ရှိကြောင်း၊ ပူတင်အနေ နှင့် ဟာပါ အပေါ် လွှမ်းမိုး နိုင်သည် ဟု ယုံကြည် သဖြင့် ကနေဒါ ၀န်ကြီးချုပ် အား ဖျံ သတ်လုပ်ငန်း အား တားမြစ်ပေးရန် တိုက်တွန်း ပေးစေလိုကြောင်း ပါရှိသည့် စာကို ရေးသားခဲ့ခြင်း ဖြစ်သည်။

ဖျံ သားပေါက်များ အပါအဝင် ကောင်ရေ (၃၃၈၂၀၀) ထက်မနည်းကို ကနေဒါ ဖျံမုဆိုးများက ယခုနှစ်အတွင်း သတ်ဖြတ်ခဲ့ကြောင်း နိုင်ငံတကာ တိရစ္ဆာန် အခွင့်အရေး အသင်းအဖွဲ့များက သတင်းထုတ်ပြန် ခဲ့ပြီးနောက် တိရစာ္ဆန် ချစ်သူတဦး ဖြစ်သည့် ပင်မလာ က စိတ်မချမ်းသာ စွာဖြင့် ယခုစာကို ရေးသား ပေးပို့ခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here