ကမ္ဘာ့အကြမ်းဖက်မှု ရ၀ ရာခိုင်းနှုန်း အာရှနိုင်ငံများတွင် ဖြစ်

alt

ကမာ္ဘပေါ်ရှိ အကြမ်းဖက်မှု အရေအတွက် စုစုပေါင်း ပမာဏ၏ (၇၀) ရာခိုင်နှုန်းသည် အာရှတိုက် နိုင်ငံများ တွင် ဖြစ်ပွား နေကြောင်း ကျွမ်းကျင်သူများ က သုံးသပ် ထောက်ပြ ပြောဆို လိုက်သည်။

အထူးသဖြင့် ကြောက်စရာ ကောင်းသော ရာဇဝတ် မှုခင်းများသည် ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန် နှင့် မြန်မာနိုင်ငံများ အတွင်း ဖြစ်ပွားခဲ့ သည်ဟု ကမာ္ဘ့လုံခြံုရေး ဆိုင်ရာ ကျွမ်းကျင်သူများ က ပြောကြား ခဲ့သည်။

ဥရောပဘက်မှ အကြမ်းဖက် တိုက်ခိုက်မှုများ သည် တောင်ပိုင်း နှင့် အရှေ့တောင်ပိုင်း အာရှ နိုင်ငံများ ဘက်သို့ ပစ်မှတ်ရွေ့လျား သွားသည်ဟု Changing Dimensions of National Security အဖွဲ့မှ ဦးဆောင် ညွှန်ကြားရေးမှူး ပီအက်စ်ဒက် က ပြောကြား ခဲ့သည်။ အထူးသဖြင့် အိန္ဒိယ နိုင်ငံသည် အကြမ်းဖက် သမားများ ခိုအောင်းနေသည့် မြန်မာ နှင့် အာဖဂန်နှစ် နိုင်ငံကြား ကျရောက် နေခြင်းသည် ကြောက်စရာ အခြေအနေ တရပ်ဟု ၎င်းတို့ ကဆိုသည်။

ထို့ကြောင့်လည်း မွမ်ဘိုင်းမြို့ သွေးချောင်းစီး အကြမ်းဖက်မှု ကြီးကဲ့သို့ ဖြစ်ရပ်ဆိုးများ အိန္ဒိယ တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း ဒက်က ရှင်းပြ ခဲ့သည်။ ထို့အပြင် အယ်လ်ကိုင်းဒါး၊ တာလီဘန် စသည့် အကြမ်းဖက် အဖွဲ့အစည်းများ အားလုံးလိုလိုသည် အာရှတိုက် တွင်သာ အခြေတည် လေ့ရှိကြောင်း ဒက်က ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here