ဘရာဇီးလူငယ် အသင်းမှ မီရန်ဒါကို တော့တင်ဟမ် ရရှိရန် ကြိုးပမ်း

alt

တော့တင်ဟမ် ဟော့စပါး အသင်းသည် ဘရာဇီး ကလပ် ဆာအိုပါလိုမှ လူငယ် ကစားသမား ဂျာအိုမီရန်ဒါ ဒီဆွာဇို အား ပေါင် (၇) သန်းဖြင့် ခေါ်ယူနိုင်ရန် စတင် ကြိုးစား နေပြီဖြစ်ကြောင်း သိရသည်။

တော့တင်ဟမ် အသင်း၏ ဘောလုံး ကင်းထောက်များက အသက်(၂၄) နှစ်ရှိ ဘရာဇီး ခံစစ်မှူးလေး မီရန်ဒါ၏ ကစားပုံများကို ကာလအတန်ကြာ လေ့လာပြီးနောက် အသင်းသို့ ခေါ်ယူသွားရန် ကြိုးစား လာခဲ့ခြင်း ဖြစ်သည်။

မီရန်ဒါအား အီတလီထိပ်သီး အေစီမီလန် အပါအဝင် ဥရောပထိပ်တန်း အသင်းကြီး အတော်များများက စိတ်ဝင်စား နေသော်လည်း တော့တင်ဟမ်က ခြေသွက်လက်သွက် လှုပ်ရှား လာကာ ထိုသို့ ကြိုးပမ်း လိုက်ခြင်းဖြစ်သည်။

မီရန်ဒါက ဥရောပ ထိပ်တန်း အသင်းကြီးများ က ၎င်းအား စိတ်ဝင်စားနေသည် ဆိုသော ကောလဟာလများကို ကြားခဲ့မိကြောင်း၊ ထို့အတွက် ပျော်ရွှင် ၀မ်းမြောက် ဂုဏ်ယူမိကြောင်း၊ အဘယ်ကြောင့် ဆိုသော် ၎င်းအနေနှင့် အကောင်းဆုံး စွမ်းဆောင် နိုင်ခဲ့သည် ဆိုသည့် အဓိပ္ပါယ် သက်ရောက် နေသောကြောင့် ဖြစ်ကြောင်း ပြောကြား သွားသည်။

ထို့အပြင် မိမိမှာလည်း ဥရောပတွင် ဘောလုံးကစားခွင့် ရလိုသော ဆန္ဒရှိသည်ဟုလည်း မီရန်ဒါက ဘောလုံးသတင်းသမားများ ရှေ့  ၌ဝန်ခံ ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here