ပါကစ္စတန် စစ်တပ် က ကျူးကျော်လာသော တာလီဘန်များကို တုန့်ပြန် တိုက်ခိုက်နေပြီ

alt

နိုင်ငံ၏ အရှေ့မြောက် ဘက်ပိုင်းမှ ထိုးဖောက် ၀င်ရောက်လာသော တာလီဘန် စစ်သွေးကြွ (၁၁) ဦးကို သုတ်သင် လိုက်နိုင်ကြောင်း ပါကစ္စတန် တပ်မတော်က ယမန်နေ့က ကြေညာ လိုက်သည်။

အာဖဂန် နယ်စပ်ကို ဖြတ်ပြီး ပါကစ္စတန် မြို့တော် အစ္စလမ်မားဘတ် အထိ ဦးတည်လာသော တာလီဘန် စစ်ကြောင်းများကို ပြန်လည် တိုက်ထုတ်ရန် ပါကစ္စတန် စစ်တပ်က ပြင်ဆင်နေပြီး တာလီဘန်တို့ ဦးတည်လာဖွယ်ရှိသည့် ချာပါ ဖီရော့ခါ၊ ကာဝါဂျာ ခိုင်ဇား၊ ဘီဇော်တီ နှင့် အိုရက်ဇိုင်း ဒေသများတွင် စစ်ဆင်ရေးများ ဆင်နွှဲရန် စတင်စီစဉ် လျှက်ရှိသည်။

အစောပိုင်းက အမေရိကန် ပြည်ထောင်စုက ပါကစ္စတန် နိုင်ငံအနေနှင့် တာလီဘန် တို့၏ ထိုးဖောက်မှုအား တားဆီး နိုင်စွမ်း မရှိမည်ကို စိုးရိမ်မိကြောင်း ပြောဆိုခဲ့သော်လည်း ပါကစ္စတန် စစ်တပ်က စစ်ရေးတုန့်ပြန် တိုက်ခိုက်မှုများ စတင်ပြုလုပ် နေပြီ ဖြစ်သည်။

တာလီဘန် တို့သည် အာဖဂန်နယ်စပ် အနီးတွင် အမေရိကန် ဦးဆောင်သော NATO စစ်မဟာမိတ် အဖွဲ့ မှ ဆီတင် Tanker ကားကြီး (၅) စီးကိုလည်း မီးလောင်တိုက်သွင်း ဖျက်ဆီး ခဲ့သေးသည်။

ပါကစ္စတန် စစ်တပ်က နိုင်ငံ၏ အရှေ့မြောက်ပိုင်းရှိ တာလီဘန် သိမ်းပိုက်ထားသော နယ်မြေများကို လျင်မြန်စွာ ပြန်လည် စီးနင်းသွားနိုင်မည်ဟု ယုံကြည်ထားကြောင်း ထပ်လောင်းကြေညာ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here