အချစ်ရေးမှာ ကံကောင်းတယ်ဆိုတဲ့ ဂျတ်စတင် တင်းဘာလိတ်

alt

အဆိုတော် ဂျတ်စတင် တင်းဘာလိတ် က ၎င်း အနေ နှင့် အချစ်ရေး တွင် ကံကောင်း ခဲ့သည် ဟု ၀ံ့ကြွား ပြောဆို လိုက်သည်။

၎င်း အနေနှင့် ချစ်သူ ဂျက်စီကာဘေး နှင့် ဆုံတွေ့ ချစ်ကျွမ်း ၀င်ခဲ့ခြင်းသည် ဘဝ အတွက် အလှပဆုံး ဖြစ်စေခဲ့သည်ဟု N’Sync အဖွဲ့မှ ပင်တိုင်အဆိုတော် ဂျတ်စတင်က ပြောကြား လိုက်သည်။

၎င်းအနေနှင့် ဂျက်စီကာ နှင့် ချိန်းကာ ပထမဆုံး အပြင်ထွက် လည်သည့် အချိန်ကတည်း က ချစ်သူဘဝ ရောက်လာသည် အထိ နားလည်မှု ရှိကာ အပေးအယူ မျှတခဲ့ကြောင်း ဂျတ်စတင် ကဆိုသည်။

နှစ်ယောက် အတူနေသည့် ကာလတလျှောက် ကြီးကြီးမားမား အငြင်းပွားမှုမျိုး မဖြစ်ခဲ့ဘဲ အပြန်အလှန် အလျှော့ပေး ခဲ့ကြောင်း ဂျတ်စတင်က ပြောကြားခဲ့သည်။ ထို့အပြင် အသက်(၂၈)နှစ်ရှိ အဆိုတော်က ၎င်း၏ချစ်သူသည် အိပ်မက်ဆန်သော အမျိုးသမီး တဦးအဖြစ် တင်စား ပြောဆိုခဲ့သည်။

၎င်းတို့ နှစ်ဦး၏ ချစ်ခရီးသည် ဖြောင့်ဖြူး သာယာခဲ့သလို ရှေ့ဆက်၍လည်း အဆင်ပြေ သွားမည် ဟု ယုံကြည်မျှော်လင့် ထားကြောင်း၊ ဂျက်ဆီကာ ကဲ့သို့ ချစ်သူတဦး ကို ပိုင်ဆိုင်ခွင့် ရခဲ့သည့် အတွက်လည်း ဂုဏ်ယူနေမိကြောင်း ဂျတ်စတင် က ထုတ်ဖော် ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here