ခရက်စပို လာဇီယိုသို့ ပြန်လည် ပြောင်းရွှေ့ ဖွယ်ရှိ

alt

အီတလီ စီးရီး အေချန်ပီယံ အင်တာ မီလန် အသင်း တိုက်စစ်မှူး ဟာနန် ခရက်စပို သည် အသင်းဟောင်း လာဇီယို သို့ ပြန်လည် ပြောင်းရွှေ့ နိုင်ဖွယ်ရှိကြောင်း သတင်းများ က ဖော်ပြခဲ့ကြသည်။

အသက် (၃၂) နှစ်ရှိ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူး သည် ပင်ကိုယ် ခြေစွမ်း ကောင်းမွန် သော်လည်း တိုက်စစ်မှူး ပေါများသော အင်တာမီလန် တွင် ပုံမှန်နေရာ မရရှိခဲ့ပေ။

ရောမမြို့ခံ ကလပ် လာဇီယို အနေနှင့် တစ်ချိန်က ၎င်းတို့ ကမာ္ဘ့စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်ဖြင့် ခေါ်ယူ ခဲ့ဖူးသော တိုက်စစ်မှူး အား တရာသီလျှင် ယူရိုငွေ (၁) သန်းမျှ ဖြင့် အင်တာ ထံမှ အငှား ခေါ်ယူနိုင် မည်ဟု ယုံကြည် လျက်ရှိသည်။

အင်တာနည်းပြ ဟိုဆေး မော်ရင်ညို လက်အောက် တွင် ပုံမှန်နေရာ မရသော မော်ရင်ညို ကိုယ်တိုင်ကလည်း အသင်းဟောင်း သို့ ပြောင်းရွှေ့ရန် စိတ်ဝင်စား နေသဖြင့် အပြောင်းအရွှေ့မှာ ဖြစ်လာနိုင်ဖွယ် ရှိကြောင်း သိရှိရသည်။

လာဇီယိုသည် ၎င်း၏ ကစားသမားဟောင်းများကို ပြန်လည်ခေါ်ယူရန် စီစဉ်နေပြီး (၂၀၀၁) ခုနှစ်က မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့သွားသည့် အာဂျင်တီးနား လက်ရွေးစင်ဟောင်း ဂျူအန်ဆီဘက်ရှန် ဗီရွန်း ကိုပါ စိတ်ဝင်စား နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here