ဂျင်နရယ်မော်တာ (GM) ၏ မြောက် အမေရိကတိုက်မှ စက်ရုံများအား ပိတ်မည်

alt

အမေရိကန် မော်တော်ကား ကုမ္မဏီ General Motor အနေနှင့် ၎င်း၏ မော်တော်ကား စက်ရုံများကို အနည်းဆုံး နွေဦးရာသီ ရောက်ချိန်အထိ ပိတ်ထား မည် ဖြစ်ကြောင်း ဧပြီလ (၂၃) ရက်နေ့က ကြေညာ လိုက်သည်။

မြောက်အမေရိက တိုက်ရှိ စက်ရုံများကို ပိတ်ပစ်ရန် GM က ဆုံးဖြတ်ခဲ့ပြီး ထိုအစီအစဉ်ကို လာမည့် မေလမှ စတင်မည် ဖြစ်သည်။ GM သည် အမေရိကန်၊ မက္ကစီကို၊ ကနေဒါရှိ မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံများ အားလုံး၏ (၄၀) ရာခိုင်နှုန်းကို ပိတ်ပစ်မည်ဖြစ်ပြီး ထို့အတွက် လုပ်သားဦးရေ (၅၅၀၀၀) တို့မှာ အချိန် အကန့်အသတ် မရှိ အလုပ်ပြုတ် နေမည်ဖြစ်သည်။

နှစ်လအတွင်း စက်ရုံများ ပိတ်ပစ်ရန် ဆုံးဖြတ်ထားကြောင်း GM က အတည်ပြုခဲ့ပြီး ကမာ္ဘ့စီးပွား ပျက်ကပ် ကြောင့် ကုမ္ပဏီလုပ်ငန်းများ၊ အစုရှယ်ယာများ ထိုးကျခဲ့မှု အတွက် ယခုကဲ့သို့ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဝန်ခံချက်ပေး၍ ကြေညာခဲ့သည်။ စီးပွားပျက်ကပ်သည် ကမာ္ဘ့ကား ထုတ်လုပ်ရေး ကုမ္ပဏီကြီးများကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့ပြီး ခရိုက်ဆလာ၊ ဖို့တ် နှင့် ဟွန်ဒါ တို့သည်လည်း အလုပ်ရုံများ ပိတ်သိမ်းရန် အထိပင် စဉ်းစား နေရကြောင်း အမေရိကန်ထုတ် စီးပွားရေး သတင်းဂျာနယ်များတွင် ဖေါ်ပြထားသည်။

GM က အနည်းဆုံး စက်ရုံ (၁၃) ခုကို အချိန် အကန့်အသတ်မရှိ ပိတ်ပစ်တော့မည် ဖြစ်ကြောင်း၊ ဈေးကွက် အတွင်း ၀ယ်လက် မရှိသဖြင့် မော်တော်ယာဉ် ထုတ်လုပ်မှုများ ရပ်ဆိုင်းရန် စီမံကိန်း ချမှတ် ခဲ့ကြောင်း ထိုသို့ သတင်း ထုတ်ပြန်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here