FHM ရဲ့ ဆွဲဆောင်မှု အရှိဆုံး အမျိုးသမီး ချယ်ရီကိုးလ်

alt

အမျိုးသား Life Style မဂ္ဂဇင်း တစောင် ဖြစ်သည့် FHM က (၂၀၀၉) ခုနှစ်အတွက် ဆွဲဆောင်မှု အား အပြင်းဆုံး အမျိုးသမီး (၁၀၀) စာရင်းကို ဖော်ပြ လိုက်ရာ အင်္ဂလန် ဘောလုံး ကလပ် ချဲလ်ဆီးမှ

အင်္ဂလန် လက်ရွေးစင် အက်ရှလေကိုး ၏ ဇနီးဖြစ်သူ ချယ်ရီကိုးလ် မှာ နံပါတ် (၁) နေရာတွင် ရပ်တည် နိုင်ခဲ့ကြောင်း သိရသည်။

Girls Aloud အဖွဲ့မှ အဆိုတော် တဦးဖြစ်သည့် ကိုးလ်သည် ယမန်နှစ်က အဆင့် (၇) သာ ရခဲ့သော်လည်း ယခုနှစ်တွင်မူ ယမန်နှစ် ပထမဆုရှင် မီဂန်ဖော့က်စ်ကို ကျော်လွှားကာ ပထမရခဲ့ခြင်း ဖြစ်သည်။

Transformers မင်းသမီး ဖော့က်စ်မှာမူ ဒုတိယ နေရာ သာချိတ်၍ တတိယ နေရာတွင် မင်းသမီး ဂျက်ဆီကာ အယ်လ်ဘား က ရပ်တည်ခဲ့ပြီး Pop အဆိုတော် ဘရစ်တနီ စပီးယား၊ ကိုင်လီဟာဇဲ၊ အက်ဒရေနာ လေမာ၊ အယ်လစ် ရှာကက်စဘတ်၊ ခရစ်စတင်း ခရက်၊ အန်နာ ဖရေး နှင့် အော်စကာ ဆုများစွာ ရရှိခဲ့သည့် Slumdog Millionaire ဇာတ်ကားမှ ဖရီဒါပင်တို တို့က ထိပ်ဆုံး (၁၀) ဦးစာရင်းတွင် အစဉ် လိုက်ရပ်တည် နေခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here