အီရတ်တွင် အသေခံဗုံး ပေါက်ကွဲမှုနှစ်ခုကြောင့် လူ ၈၀ ကျော်သေဆုံး

alt

အီရတ်နိုင်ငံ အတွင်း ဘဂ္ဂဒက်နှင့် မက်ဒါဒီယာ မြို့များတွင် အသေခံဗုံးခွဲမှု နှစ်ခု ဖြစ်ပွားခဲ့ရာ သေဆုံးသူ (၈၀) ထက် မနည်းရှိကြောင်း သိရှိရသည်။

ဧပြီလ (၂၃) ရက်နေ့ က ဖြစ်ပွားခဲ့သော အဆိုပါ ဗုံးကွဲမှုများသည် အီရတ် နိုင်ငံ အတွက် (၂၀၀၉) ခုနှစ်အတွင်း လူ အသေအပျောက် အများဆုံး အကြမ်းဖက်မှု အဖြစ် မှတ်တမ်းဝင် သွားစေခဲ့ရသည်။ ဘဂ္ဂဒက်ဗုံးမှာ အမျိုးသမီး တစ်ဦး မှ အသေခံ ဖောက်ခွဲ ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်များက ပြောကြားခဲ့ပြီး သေဆုံးသူမှာ အသက် (၃၀) ၀န်းကျင်ခန့် ရှိကာ (၅၀) ခန့် ဒါဏ်ရာ ရရှိစေခဲ့ကြောင်း သိရသည်။

ထိုဗုံးသည် ဘာဆီ ရပ်ကွက်အနီး ဆင်းရဲသား အိမ်ရာမဲ့များ နေထိုင်သည့် နေရာအနီးတွင် ပေါက်ကွဲသွားခြင်း ဖြစ်သည်။ သေဆုံးသူ စာရင်းတွင် ကလေး (၅) ဦးနှင့် ကြက်ခြေနီဝန်ထမ်း (၂) ဦးလည်း အပါအဝင် ဖြစ်သည်။

မက်ဒါဒီယာတွင်မူ လူသေဆုံးမှု ပိုမိုများပြားခဲ့ပြီး လူ (၅၀) ခန့် သေဆုံးကာ (၆၀) ကျော် ဒါဏ်ရာ ရရှိခဲ့ကြောင်း သက်ဆိုင်ရာက သတင်း ထုတ်ပြန် ခဲ့သည်။

စားသောက်ဆိုင် တခုတွင် ဖြစ်ပွားခဲ့သည့် ဗုံးကွဲမှုကြောင့် အီရန်မှ လာရောက်သည့် ဘုရားဖူး ဧည့်သည်နှစ်ဦး သေဆုံးခဲ့ပြီး ထို ဗုံးပေါက်ကွဲမှုများ အတွက် ကြိုးကိုင် တာဝန်ရှိသော အဖွဲ့အစည်းများကို အီရတ် အစိုးရက စုံစမ်းစစ်ဆေး နေဆဲဖြစ်ပြီး အသေးစိတ် အခြေအနေများ မသိရှိ ရသေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here