အလွန်အကျွံ အိပ်စက်ခြင်းကြောင့် ဆီးချို ရောဂါ ဖြစ်နိုင်

alt

အချိန်ကာလ ကြာမြင့်စွာ အိပ်စက်ခြင်း သည် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို အနည်းငယ် တိုးလာစေ နိုင်ကြောင်း ဆရာဝန်များက သတိပေး လိုက်သည်။

ဆရာဝန်များ ၏ အဆိုအရ များများ အိပ်သော သူများ၊ အိပ်ရေး မဝသည့် သူများပါ ဆီးချိုရောဂါ Level တိုးလာတတ်သည်ကို သတိပြုမိကြောင်း ဗြိတိန် သုတေသီ တဦးဖြစ်သည့် အိန်ဂျယ်လို ထရမ်ဘလေး က ပြောကြားလိုက်သည်။

Type 2 အမျိုးအစား ဆီးချို သည် အလွန်အကျွံ အိပ်စက်သူများတွင် သာမန်ထက် (၅၀) ရာခိုင်နှုန်းမျှ များပြားလာတတ်သည်ဟု ၎င်းကဆိုသည်။ ၎င်းနှင့် လုပ်ဖော်ကိုင်ဖက် သုတေသီများသည် (၆) နှစ်အတွင်း လူနာ (၂၇၆) ဦးကို လေ့လာကာ ယခု ကောက်ချက်ကို ဖော်ထုတ်ခဲ့သည်။ Sleep Medicine ဂျာနယ်တွင် ဖော်ပြထားချက်အရ လူတဦးသည် တစ်နေ့လျှင် (၈) နာရီ ထက်ပို မအိပ်သင့်ဟု ပါရှိ ထောက်ပြထားသည်။

အိပ်စက်ခြင်းသည် ဦးနှောက်ကို အနားရစေသလို ကိုယ်ခံ စွမ်းအားကိုလည်း တိုးပွား လာစေကြောင်း၊ သို့သော်လည်း သင့်တော်သည်ထက် အလွန်အကျွံ အိပ်စက်ပါ ကမူ ဘေးထွက် ဆိုးကျိုးအချို့ ရှိလာ နိုင်ကြောင်း အိန်ဂျယ်လို က ပြောဆိုခဲ့သည်။ အိန်ဂျယ်လို က ယခု လေ့လာမှုအား ဆက်လက် သုတေသန ပြုလုပ် သွားဦးမည်ဟုလည်း ထုတ်ဖော် ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here