မြန်မာနိုင်ငံအတွင်း ရေအား လျှပ်စစ် စီမံကိန်းအတွက် အိနိ္ဒယကုမ္မဏီ NHPC ဆောင်ရွက်ဖွယ်

alt

မြန်မာ နှင့် ဘူတန် နိုင်ငံများတွင် ရေအား လျှပ်စစ် ထုတ်လုပ်မှု စီမံကိန်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံရှိ ဟိုက်ဒရို အလက်ထရစ် NHPC ကုမ္မဏီက ကြေညာလိုက်သည်။

အိန္ဒိယနိုင်ငံ အခြေစိုက် ကုမ္ပဏီကြီး သည် နိုင်ငံအတွင်း ရေအား လျှပ်စစ်စီမံကိန်း အတွက် အကြီးမားဆုံး ကုမ္မဏီကြီး အဖြစ် ရပ်တည် လျက်ရှိသည်။ အိန္ဒိယ ရူပီးငွေ (၄၃၀) ဘီလျံမျှထိ ကုန်ကျဖွယ် ရှိသော စီမံကိန်းများ ကို မြန်မာနိုင်ငံ အတွင်း ဆောင်ရွက်သွားရန် ညှိနှိုင်းနေကြောင်း ကုမ္မဏီ အကြီးအကဲ ဂက်က သတင်းထောက်များထံ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အတွင်း ရေစီး အားကောင်းသော မြစ်ချောင်း အင်းအိုင်များ ပေါများခြင်းကြောင့် ရေအား လျှပ်စစ် စီမံကိန်းအတွက် ကောင်းမွန်သော အရင်းအမြစ်များ ပင်ဖြစ်ကြောင်း၊ ၎င်းတို့ အနေနှင့် ကွင်းဆင်း လေ့လာမှုများ ဆက်လက် ပြုလုပ် သွားမည် ဖြစ်ကြောင်း ဂက် ကဆိုသည်။

ထို့အပြင် အိန္ဒိယ အစိုးရထံမှ ခွင့်ပြုမိန့် ကိုလည်း ရယူဦးမည်ဟု ဂက်က ပြောကြား သွားသည်။ NHPC အနေနှင့် အိန္ဒိယ နိုင်ငံ အတွင်း ရေအား လျှပ်စစ် သာမက နေ နှင့် လေ တို့မှ စွမ်းအင် ထုတ်နိုင်ရန်ပါ ကြံဆဆောင်ရွက် နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here