အပြံုးမျက်နှာနှင့် ပင့်ကူ ဟာဝိုင်ရီ တွင်တွေ့ရှိ

alt

ပြံုးနေသော မျက်နှာ သဏ္ဍာန် ပေါ်နေသည့် ပင့်ကူ တကောင်ကို ဟာဝိုင်ရီ ဒေသတွင် တွေ့ရှိခဲ့သည်။

နားရွက် တက်ချိတ် မတတ် ပြံုးနေသည့် ပါးစပ်ပါသော မျက်နှာ နှင့် တူသည့် ခန္ဓာကိုယ် အဆင် ဒီဇိုင်းပါသော အဆိုပါ ပင့်ကူမျိုး သည် အရွယ်အားဖြင့် အလွန် သေးငယ်ပြီး မီလီမီတာ အနည်းငယ်သာ အရွယ်အစား ရှိတတ်သည်။

သိပ္ပံ ပညာရှင်များက အဆိုပါ ပင့်ကူမျိုးများသည် လူသားများအား အန္တရာယ် ပေးနိုင်ခြင်း မရှိကြောင်း ပြောကြား ခဲ့သည်။ စိမ်းဖန့်ဖန့် အရောင်ရှိသော ထိုပင့်ကူများ သည် ပစ္စဖိတ် သမုဒ္ဒရာ အတွင်းရှိ ဟာဝိုင်ရီကျွန်းမှ အမြဲစိမ်း တောနက်များတွင် နေထိုင် လေ့ရှိသည်။

ပင့်ကူ ကျွမ်းကျင်သူ တဦးဖြစ်သည့် ယော့ခ်တက္ကသိုလ် မှ ဒေါက်တာ ဂေါ့အောက်စ်ဖို့ က အပြံုးဆင် ထားသည့် ပင့်ကူများကို လေ့လာ နေရသည်မှာ သဘောကျ နှစ်ခြိုက်ဖွယ် ကောင်းကြောင်း ပြောကြား ခဲ့သည်။

၎င်းသည် ထိုပင့်ကူကို စတင် တွေ့ရှိချိန်က အရွက် တခုဟုသာ ထင်မှတ်ခဲ့ကြောင်း ၀န်ခံခဲ့ပြီး ထိုပင့်ကူများ သည် ဟာဝိုင်ရီ ဇာတိစစ်စစ် ဟုတ်မဟုတ် မသေချာကြောင်း ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here