အိုင်စီ ( Iron Cross ) အဖွဲ့ ဂျပန် ရောက်ရှိ

alt

alt

မြန်မာပြည် ၏ ထင်ရှား အကျော်ကြားဆုံး ရော့ခ် တေးဂီတအဖွဲ့ ဖြစ်သည့် အိုင်စီ (Iron Cross rock band) အဖွဲ့သည် ဂျပန်နိုင်ငံ နာရီတာ နိုင်ငံတကာ လေဆိပ် တိုကျိုမြို့သို့ ဧပြီလ ၂၅ ရက် (စနေနေ့) ယနေ့ နံနက်ပိုင်း တွင် ရောက်ရှိ လာပြီ ဖြစ်ကြောင်း သိရှိရသည်။

အိုင်စီ အဖွဲ့သားများ လူစုံတက်စုံ ပါဝင်လာပြီး အိုင်စီ မန်နေဂျာ ဒေါက်တာ ကိုကိုလွင်မှာ မိသားစု နှင့် အတူ ဖြစ်ပြီး ဘေ့(စ်) ဂစ်တာ ခင်မောင်သန့် ၏ ဇနီးသည် တို့လည်း လိုက်ပါလာခဲ့ပြီး ယခုအခါ တိုကျိုရှိ အိခဲဘုခုရို ရပ်ကွက်တွင် ခေတ္တ တည်းခိုနေပြီး ၁၀ ရက်ကျော်ကြာ နေထိုင် မည်ဟု သိရှိရသည်။

အိုင်စီ ၏ ပင်တိုင် အဆိုတော်များ ဖြစ်သည့် လေးဖြူ၊ အငဲ့၊ မျိုးကြီး၊ ဝိုင်ဝိုင်း တို့နှင့် အတူ အမျိုးသမီး အဆိုတော်များ အဖြစ် ကြိုးကြာ နှင့် မေစံပယ်ညို တို့လည်း မြိုင်ဆိုင်စွာ သီဆိုမှာ ဖြစ်ပြီး ဂျပန်နိုင်ငံမှ လာသော သတင်းများအရ ထိုလူမှုရေး ရံပုံငွေ Live Show ပွဲကို ကြေငြာထားသည့် နေ့ရက်နှင့် အချိန်အတိုင်း အတိအကျ အိုင်စီအဖွဲ့ ၏ မူအတိုင်း ကျင်းပမည် ဟု ပွဲဦးဆောင် စီစဉ်သူ မှ ပြောဆိုလိုက်သည်။

ယခုအခါ အထူးတန်း လက်မှတ်များ ကုန်ဆုံး သွားပြီ ဖြစ်ပြီး ရိုးရိုးတန်း ယန်း ၈၀၀၀ တန်း နှင့် ယန်း ရ၀၀၀ တန်း လက်မှတ်ဝယ်ယူဖို့ အခက်အခဲ ဖြစ်နေသည့် အိုင်စီ ပရိတ်သတ်များအတွက် ပွဲကျင်းပမည့်နေ့၊ ကျင်းပရာ အိုဂျီ ဆာကူရာ ခန်းမတွင် နေ့လည် ၁း၃၀ နာရီမှ စတင်၍ ရောင်းချ ပေးသွားမည်ဟုလည်း သိရှိရသည်။

ထို လိုက်(ဖ်)ရှိုး အား ဧပြီ ၂၆ ရက် (တနင်္ဂနွေနေ့) ညနေ ၄းဝဝ နာရီမှ ည ၈းဝဝ နာရီအထိ ဖျော်ဖြေမည် ဖြစ်ပြီး Oji Sakura ခမ်းမတွင် ဖြစ်ကာ, Oji ဘူတာမြောက်ဖက် ထွက်ပေါက်မှ လမ်းလျှောက်လျှင် ၂ မိနစ်ခန့် နှင့် ရောက်သည်ဟု ဤပွဲတော် စီစဉ်သူမှ လူထု အသံသို့ ဖြေဆိုသည်။

ကျော််ကျော်နိုင် ( တိုကျို )

LEAVE A REPLY

Please enter your comment!
Please enter your name here