Hanna Montana ရုပ်ရှင် Promotion ပွဲကို မီလီဆိုင်းရပ် တက်ခဲ့

alt

Hanna Montana: The Movie ဇာတ်ကားအား Promotion ပြုလုပ်ရန် ဗြိတိန် နိုင်ငံသို့ ရောက်ရှိနေသော ဟောလီးဝုဒ် မင်းသမီး၊ အဆိုတော်မလေး မီလီဆိုင်းရပ် သည် ဧပြီလ (၂၃) ရက်နေ့က လန်ဒန်မြို့တွင် ကျင်းပသော အထူးပွဲသို့ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

ငွေရောင် တောက်နေသော စကက်တို နှင့် အမြင်ဆန်း နေသည့် မင်းသမီးလေးအား လန်ဒန် ပရိသတ်က သောင်းသောင်းဖြဖြ ကြိုဆို နှုတ်ဆက်ခဲ့ကြပြီး အသက် (၁၆) နှစ်အရွယ် မီလီ နှင့် ဖခင် ဘီလီရေး ဆိုင်းရပ် တို့ကလည်း ပရိသတ်များအား အမှတ်တရ လက်မှတ် ရေးထိုး ပေးခဲ့ကြသည်။

မီလီသည် အမေရိကန်၏ ဆယ်ကျော်သက် ပရိသတ် အများဆုံး အနုပညာရှင် တစ်ဦးဖြစ်ပြီး ဗြိတိန်တွင်လည်း သူမကို ပရိသတ်များ က ပျော်ရွှင်စွာ နှုတ်ခွန်းဆက် ခဲ့ကြသည်။ အထူးသဖြင့် ထောင်ပေါင်း များစွာသော ခလေးများ နှင့် ဆယ်ကျော်သက်များ သည် မီလီ နှင့် တွေ့ဆုံရန် လန်ဒန်မြို့သို့ တကူးတက လာရောက် ခဲ့ကြကြောင်း သိရှိ ရသည်။

အထူးပွဲသို့ မီလီတို့ သားအဖ နှစ်ယောက်သာ လာရောက်ခဲ့ပြီး မီလီ ၏ ချစ်သူ အမျိုးသား အတွင်းခံ အဝတ်အထည် မော်ဒယ်ဘွိုင်း ဂျက်စတင် ဂက်စတန်း မှာမူ လိုက်ပါ လာခဲ့ခြင်း မရှိကြောင်း လည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here