အက်ရှာဗင် ကို ကျေးဇူးတင် နေတဲ့ ကားရစ်

alt

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား မိုက်ကယ် ကားရစ် က ၎င်းတို့ အသင်း၏ ပရီးမီးယား လိဂ် ချန်ပီယံဘွဲ့ ကာကွယ်ရေး ရည်မှန်းချက်များ အတွက် အာဆင်နယ် တိုက်စစ်မှူး အင်ဒရီ အက်ရှာဗင် ကို ကျေးဇူးတင် မိကြောင်း ၀န်ခံခဲ့သည်။

မန်ချက်စတာ၏ အနီးဆုံး ပြိုင်ဘက် လီဗာပူး အသင်းသည် အာဆင်နယ် ကို အိမ်ကွင်းတွင် ဧည့်ခံ ကစားခဲ့ရာ အက်ရှာဗင် တဦးတည်း က (၄) ဂိုးသွင်း ပေးခဲ့သဖြင့် အနိုင် မရဘဲ (၄) ဂိုးစီ သရေဖြင့် ကျေနပ် ခဲ့ရသည်။

ထိုပွဲအပြီး နောက်တနေ့ ဧပြီ (၂၂) ရက်နေ့တွင် ကစားသွားသည့် ပွဲတွင်မူ မန်ချက်စတာ က ပို့မောက်စ်ကို (၂) ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ကားရစ်ကလည်း တဂိုးသွင်းယူ ပေးခဲ့သည်။ ထိုပွဲ အနိုင် နှင့်အတူ မန်ချက်စတာသည် အမှတ်ပေးဇယားတွင် လီဗာပူးထက် တပွဲလျော့ပြီး (၃) မှတ်အသာရကာ လွတ်လွတ် ကျွတ်ကျွတ် ဦးဆောင် နိုင်ခဲ့သည်။

ထို့အတွက် ကားရစ်က အက်ရှာဗင်အား ကျေးဇူးတင် နေခြင်းဖြစ်ပြီး အက်ရှာဗင် ၏ ဂိုးများသည် လီဗာပူး အတွက် အိပ်မက်ဆိုး ဖြစ်ခဲ့သော်လည်း မန်ချက်စတာ အတွက်မူ အကောင်းဆုံး လက်ဆောင်မွန်များ ဖြစ်ခဲ့ကြောင်း ထုတ်ဖော် ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here