အမေရိကန် သတင်းထောက် နှစ်ဦး အား မြောက်ကိုရီးယား တရားစွဲမည်

alt

မြောက် ကိုရီးယား အစိုးရသည် ဖမ်းဆီး ထိန်းသိမ်း ထားသည့် အမေရိကန် နိုင်ငံသား သတင်းထောက် နှစ်ဦး အား တရားရုံး တင်စစ်ဆေးရန် စီစဉ်လျှက် ရှိကြောင်း သိရသည်။

လော်ရာလင်း နှင့် အူနာလီ တို့နှစ်ဦး သည် ဆန်ဖရန်စစ္စကို သတင်းဌာန အတွက် အလုပ်လုပ် နေကြသူများ ဖြစ်ပြီး မတ်လ (၁၇) ရက်နေ့က မြောက်ကိုရီးယား နိုင်ငံတွင်း တရားမဝင် ၀င်ရောက် လာမှုဖြင့် အဖမ်းဆီး ထိမ်းသိမ်းခံရခြင်း ဖြစ်သည်။

အမေရိကန် သတင်းထောက် နှစ်ဦး သည် တရုတ်နိုင်ငံကို ဖြတ်ကာ မြောက်ကိုရီးယား နိုင်ငံသို့ မြောက်ဘက်ပိုင်း မှ ၀င်ရောက်ခဲ့စဉ် အဖမ်းခံ ရခြင်း ဖြစ်ကြောင်း သိရှိရသည်။ ယခုအခါ မြောက်ကိုရီးယား သတင်းဌာန က အမျိုးသမီး သတင်းထောက် နှစ်ဦးတို့အား တရားစွဲရန် ပြင်ဆင် နေကြောင်း နိုင်ငံပိုင် သတင်းဌာနက ပြောကြား သွားခဲ့သော်လည်း မည်သည့် စွဲချက်ဖြင့် ရုံးထုတ်မည် ကို ရှင်းရှင်းလင်းလင်း မသိရ သေးပေ။

ဧပြီလ (၂၄) ရက်နေ့က ကြေညာချက်အရ မြောက်ကိုရီးယား အနေနှင့် သတင်းထောက် နှစ်ဦးအား မတရားဖမ်းဆီး ထိန်းသိမ်း ထားရန်ဆန္ဒရှိ နေဖွယ်ရှိကြောင်း အမေရိကန် အစိုးရက စွပ်စွဲ ထားသည်။

ဆိုးလ်မြို့ ကွတ်မင်း တက္ကသိုလ်မှ မြောက်ကိုရီးယား အရေး ကျွမ်းကျင်သူ တဦးဖြစ်သည့် အန်ဒရီလန်းကော့ ကမူ မြောက်ကိုရီးယား ၏ အပြုအမူသည် အမေရိကန် အပေါ် တင်းတင်းမာမာ ဖိအားပေး လိုသည့် သဘောကို ဖော်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here