MySpace အမှုဆောင်ချုပ် ရာထူးမှ နှုတ်ထွက်မည်

alt

နာမည်ကျော် Social Networking ၀ဘ်ဆိုက် ဖြစ်သည့် MySpace ကို တည်ထောင်ခဲ့သူ လည်းဖြစ် အမှုဆောင်ချုပ် ရာထူး ကို ရယူ ထားသူလည်း ဖြစ်သည့် ခရစ်ဒီဝုဖ် သည် ရာထူးမှ နှုတ်ထွက် တော့မည် ဖြစ်ကြောင်း MySpace ကိုပိုင်ဆိုင်သည့် News ကော်ပိုရေးရှင်း က သတင်း ထုတ်ပြန် လိုက်သည်။

News ၏ ဥက္ကဌသစ်အဖြစ် ရာထူး ဆက်ခံခဲ့သော ဂျိုနသန်မီလာ က ဒီဝုဖ် သည် MySpace အမှုဆောင်ချုပ် နေရာ အတွက် ရာထူး သက်တမ်း တိုးတော့မည် မဟုတ်ဘဲ MySpace China ဘုတ်အဖွဲ့ဝင် အဖြစ်မူ ဆက်ရှိ နေဦးမည်ဟု အတည်ပြု ခဲ့သည်။

ထို့အပြင် ဒီဝုဖ် မှာ ကုမ္မဏီ ၏ အကြံပေး အရာရှိ အဖြစ်လည်း တာဝန်ဆက် ယူနေမည်ဟု မီလာ ကဆိုသည်။ MySpace အား ပုံစံသစ်ဖြင့် ပြန်လည် ဖွဲ့စည်းမည် ဖြစ်ပြီး အသေးစိတ် အချက် အလက်များ ကို များမကြာမီ ကာလအတွင်း ထုတ်ပြန်ကြေညာ သွားမည် ဟုလည်း News ကော်ပိုရေးရှင်းက ရှင်းလင်း ပြောကြား ခဲ့သည်။

MySpaces သည် (၆) နှစ်သက်တမ်း အတွင်း ကမာ္ဘကျော် ၀ဘ်ဆိုက်တခုအဖြစ် ရပ်တည် လာနိုင်ခဲ့ပြီး (၂၀၀၅) ခုနှစ်တွင်မူ News ကော်ပိုရေးရှင်းက ဒေါ်လာသန်း (၅၈၀) ဖြင့် MySpace အား ၀ယ်ယူ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here