ဂြိုဟ်တု စလောင်းများကို ပိတ်ပင် သင့်ကြောင်း မြန်မာသတင်းစာ ပြော

alt

ဧပြီလ (၂၄) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ တွင် မြန်မာ စစ်အစိုးရ အနေ နှင့် ပြည်သူလူထု အသုံးပြု နေသော ဂြိုဟ်တု စလောင်းများကို တားမြစ် ပိတ်ပင်သင့် သည်ဟု ရေးသား ထားခဲ့ကြောင်း သိရှိရသည်။

ထို စလောင်းများဖြင့် ပြည်သူလူထု အတွက် နိုင်ငံတကာ သတင်းများ နှင့် ဖျော်ဖြေရေး အစီအစဉ်များ ကြည့်ရှုနိုင်မည် ဖြစ်သော်လည်း ကိုကြီး ငွေဇင်ယော် ဟု ကလောင် အမည်ခံ ထားသော စာရေးဆရာ က ဆောင်းပါး တပုဒ် ရေးသားပြီး ဂြိုဟ်တု စလောင်းများအား တားမြစ် သင့်ကြောင်း ရေးသားခဲ့သည်။

၎င်း၏  အဆိုအရ မြန်မာပြည်သူများ အနေနှင့် ဂြိုဟ်တု စလောင်းများကို ကြည့်ရှုကာ မြန်မာ စစ် အစိုးရအား အတိုက်အခံပြု နေသည့် နိုင်ငံခြား သတင်းဌာနများ ၏ လွှမ်းမိုးမှု နှင့် ကြုံတွေ့ရနိုင်သည် ဟု ပါရှိ နေခဲ့သည်။ ၎င်းက နိုင်ငံကြီးများ သည် မြန်မာ ပြည်သူများ အား အစိုးရ နှင့် နားလည်မှု လွဲမှားစေရန် ဂြိုဟ်တု စလောင်းများ ကို မီဒီယာ လက်နက်အဖြစ် အသုံးချ နေသည်ဟု စွပ်စွဲ ခဲ့သည်။

မြန်မာ စစ်အစိုးရ သည် ပြည်သူများ အသိဉာဏ် ဖွံ့ဖြိုးတိုးတက်စေမည့် ဂြိုဟ်တု စလောင်းများ ကို ဖယ်ရှား ပစ်ရန် ယမန်နှစ် ကလည်း ကြိုးစားခဲ့ပြီး စလောင်းများ ၏ တနှစ် လိုင်စင်ကြေးကို ကျပ် (၆၀၀၀) မှ သာမန် လူလတ်တန်းစား မိသားစုများ တတ်နိုင်ဖွယ် မရှိသည့် ကျပ်(၁၀) သိန်းသို့ တိုးမြှင့် ခဲ့ကြောင်း သတင်း ရရှိသည်။

alt

LEAVE A REPLY

Please enter your comment!
Please enter your name here