၂၀၀၉ အမေရိကန် အလှမယ် ခရစ်စတီယန် ဒဲလ်တန်

alt

(၂၀၀၉) ခုနှစ်၊ မယ်အမေရိကန် ရွေးပွဲတွင် မြောက်ပိုင်း ကယ်ရိုလိုင်းနား ပြည်နယ် ကို ကိုယ်စား ပြုယှဉ်ပြိုင် သည့် ခရစ်စတီယန် ဒဲလ်တန် က အောင်ပန်းဆင် ဆွတ်ခူး နိုင်ခဲ့သည်။

ဧပြီလ (၁၉) ရက်နေ့က လာ့စ် ဗေးဂက်စ်တွင် ကျင်းပ သွားသော မယ်ရွေးပွဲကြီး အတွင်း အသက် (၂၂) နှစ်ရှိ အချောအလှလေး က အခြား ပြိုင်ပွဲဝင် (၅၂) ဦးကို အသာစီး ရရှိခဲ့ကာ ဒုတိယနေရာအား ကယ်လီဖိုးနီးယားမှ ကာရီပရက်ဂျင်းက ရရှိခဲ့ပြီး တတိယနေရာတွင်မူ အာရီဇိုးနားမှ အလီရှာမော်နီကာ ဘလန်ကို က အသီးသီး ရပ်တည် နိုင်ခဲ့သည်။

အဆိုတော် နှင့် အကပညာရှင် တဦး ဖြစ်သော ဒဲလ်တန်သည် အရှေ့ပိုင်း ကယ်လီဖိုးနီးယား တက္ကသိုလ်မှ စိတ်ပညာ အဓိကနှင့် ဘွဲ့ရထား သူဖြစ်သည်။

ယခုကဲ့သို့ မယ်အမေရိကန် အဖြစ် အရွေးချယ်ခံ ရခြင်းကြောင့် သူမသည် နယူးယောက် တွင် တိုက်ခန်း တခန်း ရရှိသည့် အပြင် နယူးယောက် ရုပ်ရှင် အကယ်ဒမီ သင်တန်းတွင် (၂) နှစ်တာ ပညာသင်ယူခွင့် အတွက် ပညာတော်သင်ဆုကြေးပါ ချီးမြှင့်ခြင်း ခံရကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here