ဘရစ်တနီ စပီးယား ဘဝ ကို လင်ဆေးလိုဟန် အားကျခဲ့

alt

သူမ ငယ်ငယ် က အားကျခဲ့သည့် အနုပညာရှင် မှာ ကမာ္ဘကျော် Pop အဆိုတော် ဘရစ်တနီ စပီးယား ဖြစ်ကြောင်း လင်ဆေးလိုဟန် က လှစ်ဟ ပြောဆိုလိုက်သည်။

သူမသည် ဘရစ်တနီ ၏ ကျော်ကြားမှုများ ကို သဘောကျ ခဲ့သလို သူမကဲ့သို့ ဖြစ်ချင်စိတ်လည်း အမြဲရှိနေ ခဲ့ကြောင်း လိုဟန် က ဆိုသည်။ အသက်(၂၂) နှစ်ရှိပြီ ဖြစ်သော လိုဟန် သည် သူမအသက် (၁၃) နှစ် အရွယ် ကတည်းက သူမထက် (၅) နှစ်ကြီးသော ဘရစ်တနီကို အထင်ကြီး အားကျ နေဖြစ်ခဲ့ကြောင်း ၀န်ခံပြောဆို လိုက်သည်။

ဘရစ်တနီ အောင်မြင်ချိန်တွင် သတင်းထောက်များ သဲသဲလှုပ် လိုက်ပါနေသည်ကို အလွန် သဘောကျပြီး ထိုသို့ ကျော်ကြားသော ဘဝမျိုး ရောက်ချင်ခဲ့သည်ဟု အဆိုတော် မင်းသမီးလေးက ပြောကြား လိုက်သည်။

ထို့အပြင် လင်ဆေးလိုဟန် က သူမအနေနှင့် လော့စ်အိန်ဂျယ်လိစ် မှ ဗြိတိန်နိုင်ငံ၊ လန်ဒန် မြို့တော်သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေသည် ဟုလည်း သတင်းထောက်များအား ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here