နီကိုတင်း ပီကေ စားခြင်းကြောင့် ခံတွင်းကင်ဆာ ဖြစ်နိုင်

alt

နီကိုတင်း ဓာတ်ထည့်သွင်း ထားသော ပီကေများ ကာလကြာရှည် ၀ါးလေ့ ရှိသူသည် ကင်ဆာရောဂါ ကို ဖိတ်ခေါ် နေသည် နှင့် အတူတူပင် ဖြစ်ကြောင်း ဗြိတိန် ဆရာဝန်များ က ပြောကြား လိုက် သည်။

နီကိုတင်းဓါတ်သည် ဆေးလိပ် နှင့် စီးကရက် တို့တွင် အများဆုံး ပါ၀င် လေ့ရှိပြီး အချို့က ပီကေအတွင်း ထည့်သွင်း သုံးစွဲ ထားလေ့ရှိသည်။ အဆိုပါ ပီကေများ ကို ရေရှည် စွဲပြီး စားသုံးခြင်းဖြင့် ခံတွင်းကင်ဆာ ဖြစ်နိုင်ခြေကို နီးစပ်လာစေ နိုင်ကြောင်း လန်ဒန် တက္ကသိုလ် ရှိ ဒေါက်တာ မိုင်တက်တာ က ရှင်းပြခဲ့သည်။

FOXM1 ဆိုသည့် ခံတွင်း ကင်ဆာကို အားပေး သည့် ဗီဇဆဲလ်များ သည် နီကိုတင်း ကြောင့် ပိုမို နိုးကြား လာစေ တတ်ကြောင်း မိုင်တက်တာ က ဆိုသည်။ ၎င်းအနေ နှင့် ဆေးလိပ်ဖြတ်ရန် ပီကေ စားလေ့ ရှိသည့် အလေ့အထ ကို အားမပေးကြောင်း၊ ပီကေ သည်လည်း ဆေးလိပ် ကဲ့သို့ ကျန်းမာရေး အတွက် ထိခိုက်မှုများ ရှိစေ နိုင်ကြောင်း မိုင်တက်တာ က ပြောကြား ခဲ့သည်။

လန်ဒန် တက္ကသိုလ် မှ ဆရာဝန်များ သည် ပီကေကို ကာလရှည်ကြာစွာ စွဲစွဲမြဲမြဲ စားနေခဲ့သည့် လူနာ (၇၅) ဦးကို လေ့လာမှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့ ၏ အာခံတွင်းရှိ ကင်ဆာ ဆန့်ကျင်သော သဘာဝ ကိုယ်ခံ စွမ်းအားများ ယုတ်လျော့ကျ ဆင်းသွား ကြောင်း ဖော်ထုတ် တွေ့ရှိနိုင်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here