ကားလို့(စ်) တီဗက်စ် မန်ယူအသင်းမှ ထွက်ခွာဖွယ်ရှိ

alt

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ကားလို့(စ်) တီဗက်စ် က ၎င်းအနေနှင့် အသင်း မှ ထွက်ခွာဖွယ်ရှိ နေကြောင်း ထုတ်ဖော် ၀န်ခံလိုက်သည်။

ယခင်က အသင်းမှ ထွက်ခွာမည်ဟု ကောလဟာလများ ထွက်ပေါ်လာတိုင်း ငြင်းဆန် လေ့ရှိသော အာဂျင်တီးနား လက်ရွေးစင် ရှေ့တန်းလူ သည် ယခုအခါတွင်မူ အရံခုံတွင် ထိုင်နေရသော ဘဝအပေါ် ငြီးငွေ့နေပြီဟု ပြောကြား လိုက်သည်။

၎င်းအနေနှင့် မန်ချက်စတာ ယူနိုက်တက်တွင် ဆက်လက် ကစားလိုသည့်တိုင် ၀ိန်းရူနီ နှင့် ဒီမီတာ ဘာဘာတော့ တို့၏နောက် အရံအဖြစ် ကစားနေရခြင်းကိုမူ လက်သင့်မခံချင် တော့ကြောင်း တီဗက်စ် ကဆိုသည်။

တီဗက်စ်၏ (၂) နှစ် အငှား စာချုပ်သည် ယခုနှစ် ဘောလုံးရာသီ အကုန်တွင် ပြီးဆုံးတော့မည် ဖြစ်ရာ ၎င်းသည်လည်း မန်ချက်စတာကို ကျောခိုင်း စွန့်ခွာဖွယ် ရှိနေပြီ ဖြစ်သည်။

မန်ချက်စတာ အသင်းကြီးကလည်း တီဗက်စ်အား အပြီးသတ် ခေါ်ယူလျှင် ပေါင် (၃၂) သန်းထိ  ထပ်မံတိုးမြှင့် ပေးချေရမည့် ပြောင်းရွှေ့ကြေး ပမာဏကြောင့် တီဗက်စ် ကို အပြီးသတ် ခေါ်ယူဖွယ် မရှိကြောင်း သတင်းများ က ဖော်ပြ လျှက်ရှိကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here