တောင်ကိုရီးယားနိုင်ငံ ၏ လူ့အခွင့်အရေးဆု ကိုမင်းကိုနိုင် ရရှိ

alt

တောင် ကိုရီးယားနိုင်ငံ ၏ လူ့အခွင့်အရေး ဆိုင်ရာ အမြင့်မားဆုံး ဆုတခုဖြစ်သည့် ဂွမ်ဂျူး လူ့အခွင့်အရေးဆု ကို ၂၀ဝ၉ ခုနှစ် အတွက် မြန်မာနိုင်ငံမှ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် အား ရွေးချယ် လိုက်ကြောင်း ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့ရှိ May 18 Memorial Foundation မှ သတင်း ထုတ်ပြန် ကြေညာလိုက်သည်။

ထို ဂွမ်ဂျူး လူ့အခွင့်အရေးဆု ကို ၂၀ဝဝ ခုနှစ်မှ စတင်၍ ကိုရီးယား နှင့် နိုင်ငံတကာမှ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ကို တက်ကြွစွာ ဖြင့် လှုပ်ရှား ဆောင်ရွက်သူများကို ရွေးချယ်၍ နှစ်စဉ် ဆုချီးမြှင့် ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် က ၂၀ဝ၄ ခုနှစ်တွင် ရရှိခဲ့ကာ ယခု တကြိမ်တွင်မူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် သည် ၂၀ဝ၉ ခုနှစ် ဂွမ်ဂျူး လူ့အခွင့်အရေး ဆုရှင်အဖြစ် ရွေးချယ်ခြင်း ခံရ သူဖြစ်သည်။

အဆိုပါဆုကို ၂၀ဝ၉ ခုနှစ် မေလ ၁၈ရက် နေ့တွင် ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့ရှိ May 18 Memorial ခန်းမဆောင်တွင် အခမ်းအနားဖြင့် ဆုချီးမြှင့်မှာဖြစ်ပြီး ဆုအဖြစ် အမေရိကန် ဒေါ်လာ ငါးသောင်း နှင့်အတူ ဂွမ်ဂျူး လူ့အခွင့်အရေးဆု တံဆိပ်ပါ ရွှေပြားနှင့် ဂုဏ်ထူးဆောင် လက်မှတ်အား ချီးမြှင့် ပေးအပ်မည် ဖြစ်သည်။

ယခင်က ဆုအဖြစ် ဂွမ်ဂျူး လူ့အခွင့်အရေးဆု တံဆိပ်ပါ ရွှေပြားနှင့် ဂုဏ်ထူးဆောင် လက်မှတ်နှင့် အတူငွေသား အမေရိကန်ဒေါ်လာ တစ်သောင်းသာ ပေးအပ်ခဲ့သော်လည်း ၂၀ဝ၅ ခုနှစ်မှ စ၍ ဆုငွေအား အမေရိကန်ဒေါ်လာ တစ်သောင်း မှ အမေရိကန် ဒေါ်လာ ငါးသောင်း သို့ တိုးမြှင့် ချီးမြှင့် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အား ဂွမ်ဂျူး လူ့အခွင့်အရေးဆု ရရှိနိုင်စေရေး အတွက် ဆုရွေးချယ်ရေး အဖွဲ့သို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက် နယ်မြေ ကိုရီးယား ဌာနခွဲမှ အဆိုတင်သွင်းခဲ့တာ ဖြစ်ပြီး၊ ကိုမင်းကိုနိုင် နှင့် ပတ်သက်သည့် သမိုင်း အချက်အလက် အထောက်အထားများကို နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ ့(AAPP) နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဗဟိုဌာနချုပ် တို့မှ ဝိုင်းဝန်းရှာဖွေ ပေးပို့ ခဲ့ကြောင်း သိရှိရသည်။

ရန်နိုင်ထွန်း

LEAVE A REPLY

Please enter your comment!
Please enter your name here