Volvo ကား ကုမ္ပဏီ ဝန်ထမ်းများ ထပ်မံလျှော့မည်

alt

ဆွီဒင်နိုင်ငံ ၏ နာမည်ကျော် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းစုကြီး ဖြစ်သည့် Volvo သည် ၀န်ထမ်း ဦးရေ လျှော့ပေါ့မှုများ ပြုလုပ် သွားဦးမည် ဖြစ်ကြောင်း ဧပြီလ (၂၂) ရက်နေ့က သတင်းထုတ်ပြန် ကြေညာ လိုက်သည်။

ဆွီဒင် နိုင်ငံ အတွင်းရှိ စက်ရုံ အလုပ်ရုံများမှ အလုပ်သမား ဦးရေ (၁၅၄၃) ဦးထိ လျှော့ချသွားရန် Volvo က စီစဉ်ထားပြီး အများစုသည် ထရပ်ကား နှင့် ၀န်တင်ကားများ ထုတ်လုပ်သည့် လုပ်ငန်းခွင်များမှဟု သိရသည်။

Volvo ၏ ထရပ်ကား ထုတ်လုပ်ရေး စီမံကိန်းနှင့် Power Train စီမံကိန်းတို့မှ လုပ်သား (၆၅၅) ဦးရေစီ လျှော့ချရန် ပြင်ဆင်ထားပြီး အခြားလုပ်သားများမှာမူ မတူညီသော လုပ်ငန်းခွင်များ မှဖြစ်ကြောင်း Volvo က ကြေညာခဲ့သည်။

ကမာ္ဘ့ စီးပွားပျက်ကပ်ကြောင့် လုပ်သားဦးရေ တစ်သိန်းမျှ ခန့်ထားသော Volvo သည် အလုပ်အကိုင်နေရာ (၅၈၀၀)မျှ အထိကို လျှော့ချသွားရန် စီစဉ်ထားကြောင်း သတင်းထုတ်ပြန် ကြေငြာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here