မြန်မာပြည်တွင် အင်တာနက် ဆိုင်များ ပိုမို ဖွင့်ခွင့်ပေးမည်

alt

ရန်ကုန် မြို့တော်ပါ မကဘဲ အခြား နယ်မြို့ များနှင့် ကျေးလက် ဒေသများ ပါ မကျန် အင်တာနက် ဆိုင်များ ပိိုမို ဖွင့်လှစ် နိုင်ရန် ခွင့်ပြု မိန့်များ ချမှတ် ဆောင်ရွက် ပေးသွားမည် ဟု မြန်မာ တယ်လီပို့တ် က ကြေညာ လိုက်သည်။

မြန်မာ နိုင်ငံ အတွင်း (၂၀၀၃) ခုနှစ် နောက်ပိုင်း အင်တာနက်ဆိုင်များ တစထက် တစ များပြား လာခဲ့ရာ ထိုစဉ်က ဆိုင် စုစုပေါင်း (၂၀) မျှသာ ရှိခဲ့သော်လည်း ယခု အခါ ဆိုင်ပေါင်း (၄၆၃) ဆိုင် အထိ တိုးပွား လာခဲ့ပြီ ဖြစ်သည်။ သို့သော် ၎င်းတို့ အနက်မှ ရန်ကုန် မြို့တွင်း ၌ပင် ဆိုင် ပေါင်း (၃၅၅) ဆိုင်ရှိနေရာ ကျန်ရှိနေသော မြို့များတွင်မူ အင်တာနက် ဆိုင် အရေအတွက် အလွန် နည်းပါး နေဆဲ ဖြစ်သည်။

မြန်မာ နိုင်ငံရှိ ဆက်သွယ်ရေး ၀န်ဆောင်မှု တာဝန်ရှိသူများ က အစိုးရ အနေ နှင့် နိုင်ငံ တဝှမ်း မြို့များ အားလုံးတွင် အင်တာနက် ဆက်ကြောင်းများ ချိတ်ဆက် သွယ်တန်း ထားသည်ကို အလိုရှိ ကြောင်း ထုတ်ဖော် ပြောဆို ခဲ့ကြသည်။

မြန်မာ အင်ဖိ်ုတက် အဖွဲ့အစည်း မှ ကောက်ခံသော စစ်တမ်း အရ မြန်မာ နိုင်ငံတွင် အင်တာနက် အသုံးပြုသူ (၃) သိန်းမျှ ရှိနေ ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here