ပရီးမီးယားလိဂ် တွင် မန်ယူအသင်း ထိပ်ဆုံးသို့ ပြန်ရောက်

alt

ပို့မောက်စ် အသင်းကို (၂-၀) ဖြင့် အနိုင်ယူ လိုက်ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အသင်းသည် အင်္ဂလန် အမှတ်ပေး ဇယားတွင် ထိပ်ဆုံး နေရာသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဧပြီလ (၂၂) ရက်နေ့ ည က မန်ချက်စတာ မြို့ရှိ အိုးထရက်ဖို့ဒ် ကွင်းကြီးတွင် ယှဉ်ပြိုင် ကစားသွားသော ပွဲစဉ် အတွင်း မန်ချက်စတာက တန်း ဆင်းဇုန်တွင် ရုန်းကန်နေရသည့် ပို့စ်မောက်ကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ယခုအခါ မန်ချက်စတာ သည် အမှတ်ပေးဇယားတွင် လီဗာပူးထက် တပွဲလျော့ကစားပြီး သုံးမှတ် အသာဖြင့် လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်၍ နေသည်။ မန်ချက်စတာ အတွက်ဂိုးများကို ၀ိန်းရူးနီ နှင့် မိုက်ကယ် ကာရစ်တို့က သွင်းယူ ပေးခဲ့ခြင်းဖြစ်သည်။

ထိုနေ့က ယှဉ်ပြိုင် ကစားခဲ့သည့် အခြား ပရီးမီးယားလိဂ်ပွဲစဉ်တွင် ချဲလ်ဆီးသည် အိမ်ကွင်းတွင် အဲဗာတန်အား အနိုင်မကစားနိုင်ဘဲ ဂိုးမရှိ သရေကျ ရခဲ့သည်။ ထိုနှစ်သင်း သည် အင်္ဂလိပ် FA ဖလား ဗိုလ်လုပွဲတွင် တွေ့ဆုံဦးမည့် အသင်းများလည်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here