မာလဝီ ခလေးငယ် အား မွေးစားနိုင်ရေး မက်ဒေါနား အတွက် ဒုတိယအကြိမ် အခွင့်အရေး

alt

မာလဝီနိုင်ငံမှ ခလေးငယ် တဦးကို မွေးစားရန် ကြိုးပမ်းနေသော မက်ဒေါနား အတွက် နောက်တစ်ကြိမ် အခွင့်အရေး ရလာခဲ့ပြီ ဖြစ်သည်။

မာလဝီ ဗဟိုတရားရုံးက (၃)နှစ် သမီးလေး မာဆီဂျိမ်းကို မွေးစားလိုသည့် မက်ဒေါနား အတွက် ဒုတိယအကြိမ် ကြားနာမှုကို မေလ (၄)ရက်နေ့တွင် ပြုလုပ် ပေးသွားမည်ဟု ပြောကြားလိုက်သည်။

အသက် (၅၀) အရွယ် Pop ဂီတလောက ဘုရင်မကြီး အနေနှင့် နောက်ထပ်တကြိမ် မာလဝီ သို့ သွားရဖွယ်ရှိပြီး ယခုအကြိမ်တွင်မူ မွေးစားရန် အစီအစဉ်များ အားလုံး အဆင်ပြေမည်ဟု ယုံကြည်ထားကြောင်း မက်ဒေါနား၏ မာလဝီရှေ့နေ အာလင်ချေနူလား က ဆိုသည်။

မာလဝီမှ ဒေးဗစ် ဆိုသော ယောက်ျားလေး တဦးကို မွေးစားထားသည့် မက်ဒေါနားသည် မာဆီဂျိမ်းလေး ကိုလည်း မွေးစားခွင့်ရမည်ဟု မျှော်လင့် ခဲ့သော်လည်း သတ်မှတ် ထားသော စည်းမျဉ်းများနှင့် မညီညွတ်ဟူသည့် အကြောင်းပြချက်ဖြင့် မာလဝီ တရားရုံးက ပယ်ချ ခဲ့ပြီးနောက် ဧပြီလ (၂၀)ရက်နေ့ ကျမှ နောက်တကြိမ် အခွင့်အရေး ပေးမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here