အနီရောင် ဘာဘီကျူး အသားများ စားသောက်မှု သတိထားသင့်

alt

တူးသွားသည် အထိ အချိန် ကြာမြင့်စွာ မီးကင်ထား သည့် အနီရောင် ရှိသော အသားများ ကို များများစား သောက်ပါက ပန်ကရိယ ကင်ဆာ ဖြစ်လာ နိုင်ခြေသည် သာမန်ထက် (၃) ပုံ (၂) ပုံမျှ မြင့်တက် လာနိုင် ကြောင်း ဆရာဝန်များက သုတေသန ပြု တွေ့ရှိ ထားသည်ဟု ကြေညာ သည်။

(၉) နှစ်တာ ကာလအတွင်း ကင်ဆာ ရောဂါ ဖြစ်ပွားမှု (၆၂၀၀၀) ကျော်ကို လေ့လာခဲ့ပြီးနောက် အမေရိကန်ရှိ ဆရာဝန်များက ယခုလို ထုတ်ဖော် ပြောဆို လိုက်ခြင်း ဖြစ်သည်။ မန်နီဆိုးတား တက္ကသိုလ် မှ ဒေါက်တာ ခရစ်စတင်း အန်ဒါဆန်က ယခု သုတေသန လုပ်ငန်းကို ဦးဆောင် ခဲ့ပြီး ဘာဘီကျူး ကဲ့သို့ အစားအသောက်များ သည် ကင်ဆာ ရောဂါကို အားပေးသည့် အနေအထား ရှိကြောင်း အတည်ပြု နိုင်ခဲ့သည်။

၎င်း၏ အဆိုအရ အနီရောင် ရှိသည့် ၀က်သား နှင့် အမဲသား ကဲ့သို့ အသားများ လောင်ကျွမ်းပြီး တူးခြစ် သွားသည့် အခါ ကင်ဆာရောဂါကို လှုံ့ဆော် ပေးသည့် ဓာတု ပစ္စည်းများ ကို သာမန်ထက် (၇၀) ရာခိုင်နှုန်းမျှ အထိ ပိုမို ထုတ်လွှတ် တတ်ကြောင်း သိရသည်။

အကြောင်းအရာ၊ အချက်အလက် အတိအကျ ကို ရှင်းမပြ နိုင်သေးသည့် တိုင် တူးနေအောင် မီးကင်ထား သည့် အသားများကြောင့် ကင်ဆာ ဖြစ်ပွားနိုင်မှု တိုးမြင့် လာသည်မှာ အသေအချာ ပင် ဖြစ်ကြောင်း ဒေါက်တာ ခရစ်စတင်း က ထုတ်ဖော် ပြောဆို လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here