သီရိလင်္ကာ ပြည်သူများ နေရပ် ဆက်လက်စွန့်ခွာ ထွက်ပြေး နေကြရဆဲ

alt

ဧပြီလ (၂၁) ရက်နေ့ကို နောက်ဆုံးအဖြစ် သတ်မှတ်ပြီး သီရိလင်္ကာ အစိုးရ က စစ်ဒါဏ်သင့်ဒေသမှ ဒေသခံများကို ရွှေ့ပြောင်း စေခဲ့သော်လည်း ယခုတိုင် နေရပ်များမှ စွန့်ခွာထွက်ပြေး နေဆဲ ပြည်သူများ ကျန်ရှိနေကြောင်း သိရသည်။

တမီကျား သူပုန်များ ကို နောက်ဆုံး ထိုးစစ်ကြီးတရပ် ထိရောက်စွာ မဆင်နွှဲမီ ဧပြီလ (၂၁) ရက်နေ့ ညနေ (၆း၃၀) နာရီမတိုင်မီ ဒေသခံပြည်သူများ အပြီးထွက်ခွာရန် သီရိလင်္ကာ စစ်တပ်က နှိုးဆော်ထားသော်လည်း ထောင်ပေါင်းများစွာသော ပြည်သူများသည် သတ်မှတ်ချိန်ထက် ကျော်လွန်ပြီးမှ ဆက်လက် ထွက်ခွာနေဆဲဟု အာဏာပိုင်များက ဆိုသည်။

ဧပြီလ (၂၂) ရက်နေ့ကထိ ဒေသခံ(၅၂၀၀၀)ကျော်မျှ ၎င်းတို့၏ နေရပ်ကို စွန့်ခွာပြီး ဖြစ်သည့်တိုင် နောက်ထပ်လည်း တဖွဲဖွဲ ထွက်ခွာ နေကြမြဲ ဖြစ်သည်။

တမီကျားတို့နှင့် အစိုးရတပ်များ နောက်ဆုံး(၃)လ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပြည်သူ(၄၅၀၀)မျှ နှစ်ဖက်ကြားညှပ်ကာ သေဆုံးခဲ့ ရဖွယ်ရှိကြောင်း ကမာ္ဘ့ကုလသမဂ္ဂ အဖွဲ့ကြီးက ကြေညာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here