FBI မှ အမေရိကန် လူမျိုးတစ်ဦးအား ဆုငွေထုတ်

alt

FBI အဖွဲ့ကြီးက အမေရိကန် လူမျိုး တစ်ဦးကို ဒေါ်လာ (၂၅၀၀၀၀) အထိ ဆုငွေ ထုတ်ကာ အလိုရှိကြောင်း ကြေညာ ချက်ထုတ်ပြန် လိုက်သည်။

ဒင်နီရယ် ဆန်တီရာဂိုး သည် FBI အဖွဲ့ကြီး ၏ အလိုအရှိဆုံး အဖြစ်သတ်မှတ် ကြေညာမှုကို ခံရသည့် ပထမဆုံး အမေရိကန် နိုင်ငံသားလည်း ဖြစ်သည်။ (၂၀၀၃) ခုနှစ်က ချီရွန် နှင့် ရှက်ကလီရုံး များတွင် ဗုံးဖောက်ခွဲခဲ့သည့် တရားခံ အဖြစ် သံသယရှိမှု ခံနေရသော အသက် (၃၁) နှစ်အရွယ် ဆန်တီရာဂိုး သည် ဖောက်ခွဲရေး လုပ်ငန်းတွင် ကျွမ်းကျင်သူ တစ်ဦးဟုလည်း သိရသည်။

ထိုစဉ်က ပေါက်ကွဲမှုများ အတွင်းလူ သေဆုံးမှု မရှိခဲ့သော်လည်း FBI က ၎င်းတို့ အလိုအရှိဆုံး အကြမ်းဖက်သမား (၂၄) ဦးစာရင်းကို အတည်ပြု ထုတ်ပြန်ခဲ့ချိန်တွင် ဆန်တီရာဂိုး မှာလည်း ပါ၀င် နေဆဲဖြစ်သည်။

ကယ်လီဖိုးနီးယားတွင် ဖွားမြင်သည့် ဆန်တီရာဂိုးသည် အထက်ပါ (၂၄) ဦးစာရင်း တွင် တစ်ဦးတည်းသော အမေရိကန် လူမျိုး ဖြစ်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here