ညဘက် အိပ်မရနိုင် ဖြစ်နေသည့် မာရိုင်းကာရေး

alt

အဆိုတော် မာရိုင်းကာရေး တယောက် ညဘက် အိပ်မရသောရောဂါ စွဲကပ်နေကြောင်း ယနေ့ထုတ် ဟောလီးဝုဒ် သတင်းစာများအရ သိရသည်။

သူမ၏ Twitter Account တွင် ကာရေး က ‘ညဘက် အိပ်မပျော်တဲ့ အချိန်တိုင်း စိတ်ညစ်ရပါတယ်။ ဘေးမှာ ကျွန်မခင်ပွန်း နစ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်နေပေမယ့် ကျွန်မကတော့ တစ်ခါတလေ မနက်(၅)နာရီ ထိုးတဲ့ထိ အိပ်လို့ မပျော်ပါဘူးရှင်’ဟု ရေးသားထားသည်။

မာရိုင်းကာရေး သည် ကမာ္ဘကျော် Celebrity များအနက် အိပ်မရသော ရောဂါနှင့် ကြံုနေရသည့် တဦးတည်းသော Celebrity မဟုတ်ပေ။ အဆိုတော် ရော်ဘီဝီလျံ သည်လည်း အချို့သော ညများတွင် အိပ်မရနိုင်သော အခြေအနေမျိုး ကြံုလေ့ရှိကြောင်း ၎င်း၏ မိတ်ဆွေများထံ ပြောကြားခဲ့ဖူးသည်။

ထို့အတူ မက္ကဆီကန် ဟောလီးဝုဒ် မင်းသမီး ဆယ်မာဟေးယက် ကလည်း (၂၀၀၇)ခုနှစ်က သူမ၏ သမီးလေး ဗယ်လင်တီနာ ပါလိုမာ ကို မွေးဖွားခဲ့ပြီး (၆)လခန့် အိပ်မပျော်သောရောဂါ စွဲကပ်ခဲ့ဖူးကြောင်း သတင်းထောက်များထံ ပြောဆိုခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here