မှော်ဝင်ဂိုး ကိုက် ၄၀အကွာမှ ဂိုးသွင်းယူခဲ့သည့် စီရော်နယ်လ်ဒို အား ဖာဂူဆန်ချီးကျူး

alt

မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာအဲလက် ဖာဂူဆန်က ချန်ပီယံလိဂ် ဖလား ဘောလုံးပြိုင်ပွဲ ပေါ်တိုအသင်း နှင့် ပွဲစဉ်တွင် အနိုင်ဂိုး သွင်းယူပေးခဲ့သော ခရစ်စတီယာနို ရော်နားဒိုးလ် အား ချီးကျူးလိုက်ပြီး

ရော်နားဒိုးလ် ၏ ဂိုးသည် မှော်ဝင်ဂိုး ဖြစ်ကြောင်း ဂုဏ်ပြု ပြောဆိုခဲ့သည်။

ပေါ်တိုကွင်း တွင် ယခင်အပါတ် ဧပြီလ (၁၅)ရက်နေ့ ညက ကစားခဲ့သည့် ပွဲစဉ်အတွင်း ကမာ္ဘ့အကောင်းဆုံး ဘောလုံးသမား ဆုရ ပေါ်တူဂီ လက်ရွေးစင်က ပွဲချိန်(၆) မိနစ်တွင် ကိုက်(၄၀)အကွာမှ ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။

ထိုဂိုးသည် ပွဲစဉ်၏ တလုံးတည်းသော ဂိုးဖြစ်ခဲ့ပြီး မန်ချက်စတာ အင်္ဂလန်ကလပ် အသင်းအား  ဥရောပချန်ပီယံ ရရှိရန်  ဆီမီးအဆင့်သို့ တွန်းပို့ပေးခဲ့သော တွန်းအားတခု ဖြစ်သည်။

ရော်နားဒိုးလ်၏ သွင်းဂိုးသည် ပထမအကျော့ နှစ်ဂိုးစီသရေ ကျထားသဖြင့် ပူပင်နေသော အင်္ဂလန် ပရိသတ်များကို အပြည့်အဝ ပျော်ရွှင်စေခဲ့သည့် အပြင် ယခုပွဲတွင် မန်ချက်စတာ အနေနှင့် (၁-၀)ဖြင့် အနိုင်ရရှိခဲ့သောကြောင့် ဆီမီးဖိုင်နယ်တွင် အာစင်နယ် နှင့် ယှဉ်ပြိုင်ခွင့် ရတော့မည် ဖြစ်သည်။

ဖာဂူဆန်က အသင်းတသင်းတွင် ရလဒ်ကို ရုတ်တရက် ပြောင်းလဲသွားအောင် စွမ်းဆောင်နိုင်သည့် ကစားသမားမျိုး များများစားစား  သူ့အသင်းမှာ မရှိကြောင်း၊ ရော်နားဒိုးလ် သည် ထိုသို့ ပြောင်းလဲပစ်နိုင်သော ကစားသမားမျိုး ဖြစ်ကြောင်း မီဒီယာသို့ အမွှမ်းတင် ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here