ဖမ်းဆီးမိသည့် ဆိုမာလီ ပင်လယ်ဓားပြ အမေရိကန်သို့ ရောက်ရှိ

alt

အမေရိကန် သင်္ဘောတစင်းကို ပြန်ပေးဆွဲခဲ့သူ ဖမ်းဆီးခံခဲ့ရသည့် ဆိုမာလီ ပင်လယ်ဓားပြမှာ နယူးယော့ခ်သို့ ဧပြီလ (၂၁) ရက်နေ့က ရောက်ရှိ လာခဲ့ပြီ ဖြစ်သည်။

ဆယ်ကျော်သက် တဦးဖြစ်သူ အက်ဘဒူလာ ၀ယ်လီ မူဆီ သည် Maersk Alabama သင်္ဘောအား ပြန်ပေးဆွဲမှုတွင် တဦးတည်း အသက်ရှင် ကျန်ရစ်ခဲ့သည့် ပင်လယ် ဓားပြဖြစ်ပြီး ၎င်း၏ အဖော်(၃)ဦးမှာ အမေရိကန်ရေတပ် လက်ဖြောင့် သေနတ်သမား များကြောင့် သေဆုံးခဲ့ရသည်။

ယခုလ အစောပိုင်းတွင် Alabama သင်္ဘောကို အက်ဘဒူလာတို့ ပင်လယ် ဓားပြ(၄)ဦးက အပိုင်စီးပြီး သင်္ဘော ကပ္ပတိန်ကို ဖမ်းဆီး သွားခဲ့သော်လည်း အမေရိကန် ရေတပ်မတော်က လိုက်လံနှိမ်နင်းပြီး ကပ္ပတိန်ကို ကယ်တင်နိုင်ခဲ့သည်။

အက်ဘဒူလာ သည်လည်း ပစ်ခတ်မှု အတွင်း ဒါဏ်ရာရရှိခဲ့ပြီး အမေရိကန်ရေတပ်က Alabama ကပ္ပတိန် ရစ်ချတ်ဖီးလစ် ကို လာရောက် ကယ်ဆယ်ချိန်တွင် ၎င်းကို လက်ရဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ယခုစစ်ဆင်ရေးတွင် Navy Seal အထူးကွန်မန်ဒို များကို အသုံးပြုခဲ့ကြောင်း ရေတပ်က ကြေညာသည်။

အက်ဘဒူလာ သည် ဧပြီလ (၂၂)ရက်နေ့တွင် ကနဦး ကြားနာမှုများနှင့် ရုံးထုတ်စစ်ဆေးမှု စတင် ခံယူရမည် ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here