အာဆင်နယ် အတွက် လေးဂိုးသွင်းခဲ့သူ အက်ရှ်ဗင် အား အာစင်းဝင်းဂါး ချီးကျူး

alt

လီဗာပူး ဘက်သို့ တဦးတည်း (၄)ဂိုးသွင်းခဲ့သော တိုက်စစ်မှူး အင်ဒရေ အက်ရှာဗင်ကို အာဆင်နယ် နည်းပြကြီး အာစင်းဝင်းဂါး က ချီးကျူး ပြောဆိုလိုက်သည်။

ဧပြီလ (၂၁) ရက်နေ့က လီဗာပူးအသင်း၏ အန်းဖီးကွင်းတွင် ယှဉ်ပြိုင်ခဲ့သော ပရီးမီးယား လိဂ်ပွဲစဉ်တွင် ဧည့်သည် အာဆင်နယ်က (၄)ဂိုးစီ သရေကျအောင် လိုက်ကစားပြီး အဖိုးတန် အဝေးကွင်း ရမှတ်(၁)မှတ် အရ ယူနိုင်ခဲ့သည်။

ထိုပွဲတွင် လီဗာပူးအတွက် ဖာနန်ဒိုတောရက်စ် နှင့် ယိုဆက်ဘီနာယောင်း တို့က (၂)ဂိုးစီ သွင်းယူ ပေးခဲ့သော်လည်း အာစင်နယ်သို့ ဇန်နဝါရီကလ မှ ပြောင်းရွှေ့ကြေး ပေါင်(၁၁)သန်းဖြင့် ရောက်ရှိလာသည့် ရုရှားလက်ရွေးစင် တိုက်စစ်မှူးက အစွမ်းပြကာ (၄)ဂိုး သွင်းခဲ့သဖြင့် သရေကျခဲ့သည်။

၀င်းဂါးက အသက်(၂၇)နှစ်ရှိ ဇင်းနစ် ကစားသမားဟောင်းအား ပါရမီရှင်တဦး အဖြစ် ဂုဏ်တင်ပြောကြားခဲ့ပြီး အာဆင်နယ် အတွက် အကောင်းဆုံး ပေးဆပ်ခဲ့သည်ဟုလည်း ထုတ်ဖော်ချီးကျူးခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here