အဆိုတော် ရီဟာနာ နောက်တယောက်နှင့် တွဲနေပြီဟုဆို

alt

ခရစ်ဘရောင်းနှင့် လမ်းခွဲပြီးနောက် အဆိုတော်မလေး ရီဟာနာသည် လော့စ်အိန်ဂျယ်လိစ် လိတ်ကာ အမေရိကန် ဘတ်စကတ်ဘော အသင်းမှ ကစားသမား တဦးဖြစ်သူ အင်ဒရူးဘိုင်နန် နှင့် စုံတွဲ ခုတ်နေကြောင်း သိရသည်။

ခရစ်ဘရောင်းက ရီဟာနာအား ရိုက်နှက်ခဲ့သည့် စွဲချက်အတွက် ၎င်းတွင် အပြစ် မရှိကြောင်း ရုံးတော်တွင် လျှောက်လဲ ခဲ့ပြီးနောက် သူမတို့နှစ်ဦး လမ်းခွဲရန် ရီဟာနာက ဆုံးဖြတ်ခဲ့ကြောင်း အသက်(၂၁)နှစ် အရွယ် အဆိုတော်မလေး၏ သူငယ်ချင်းများက ပြောကြားခဲ့ကြသည်။

ရီဟာနာသည် ချစ်သူ အသစ်နှင့်အတူ ဘီဗါလီဟေးလ် အရပ်တွင် ဧပြီလ (၁၇)ရက်နေ့က ညနေစာ ထွက်စားသည်ကို မျက်မြင် တွေ့ရှိခဲ့သူများက အလွန် လိုက်ဖက်သော စုံတွဲအဖြစ် ချီးကျူးခဲ့ကြသည်။

ရီဟာနာ နှင့် ခရစ်တို့သည် ခိုက်ရန် ဖြစ်ပွားပြီးနောက် ပြန်တွဲ ခဲ့ကြသေးသော်လည်း နောက်ပိုင်းတွင် လမ်းခွဲခဲ့ကြကြောင်း မိတ်ဆွေများက ဆိုသည်။

ရီဟာနာ၏ ကိုယ်ရေး အရာရှိကမူ ထွက်ပေါ်နေသော သတင်းများကို အတည်ပြုချက် ပေးရန် ငြင်းဆန်ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here