Oracle Corporation က Sun Microsystems ကို ၀ယ်ယူမည်

alt

Oracle အနေနှင့် ကာလကြာရှည် လက်တွဲဖော် Sun Microsystems ကို ၀ယ်ယူရန် သဘောတူညီမှု ရရှိသွားပြီဟု သတင်းများ ထွက်ပေါ်လာသလို တကယ်တမ်းလဲ အတည်ပြု ချက်ရရှိသွားပြီ ဖြစ်သည်။

Java နှင့် Solaris တို့ကို တီထွင်ခဲ့သည့် Sun နှင့် Oracle တို့သည် နည်းပညာ လောကအတွင်း လက်တွဲညီခဲ့သော ကုမ္မဏီများဖြစ်ပြီး ယခုအခါ Oracle က Sun အား အပြီးဝယ်ယူရန် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

ထွက်ပေါ်နေသော သတင်းများအရ (၇.၄) ဘီလျံဒေါ်လာမျှဖြင့် ကုမ္မဏီနှစ်ခု သဘောတူညီမှု ရရှိဖွယ်ရှိကြောင်း သိရသည်။ Oracle သည် ကမာ္ဘ့ လူသုံးအများဆုံး Software တခုဖြစ်သည့် Java နှင့် ၎င်းတို့ ထုတ်ကုန်များတွင် အရေးအပါဆုံး OS ဖြစ်သည့် Solaris တို့ကို ပိုင်ဆိုင်လာခြင်းဖြင့် ပိုမို အားကောင်းလာမည်ဟု ယူဆနေပြီး တနှစ်အတွင်း ထိုက်တန်သော ငွေပမာဏ ပြန်လည် ရရှိမည်ဟု မျှော်လင့်ထားသည်။

Oracle ၏ အဆိုအရ ၎င်းတို့ အနေနှင့် Sun အားဝယ်ယူပြီး တနှစ်အတွင်း ဒေါ်လာ (၁.၅)ဘီလျံမျှအထိ ပြန်လည်ရရှိမည်ဟု ယုံကြည်ပြီး နောက်နှစ်များတွင် (၂)ဘီလျံအထိ တိုးမြှင့်ရရှိလာမည်ဟု မျှော်လင့်ထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here