အမေရိကန် ဒုံးပျံ ကာကွယ်ရေးစနစ်အား အစ္စရေး ၀ယ်ယူလို

alt

အစ္စရေး နိုင်ငံက အမေရိကန်၏ ဒုံးပျံ ကာကွယ်ရေးစနစ်ကို ၀ယ်ယူနိုင်ရန် စေ့စပ်ညှိနှိုင်း နေကြောင်း အစ္စရေး ကာကွယ်ရေး ၀န်ကြီး အီဟွတ် ဘာရတ် က ထုတ်ဖော် ပြောဆိုလိုက်သည်။

ဧပြီလ (၂၁) ရက်နေ့က မစ္စတာ ဘာရတ် ပြောဆိုခဲ့ရာတွင် အစ္စရေးသည် ဇွန်လ အတွင်း ၀ါရှင်တန်သို့ အဆိုပါ ကိစ္စအတွက် သွားရောက်ဖွယ် ရှိသည်ဟု ပါရှိသည်။ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်ကလည်း ထိုသတင်းကို အတည်ပြုခဲ့ပြီး အစ္စရေးမြို့များသို့ ပါလက်စတိုင်း သူပုန်များက တာတိုပစ် ဒုံးကျည်များ၊ မော်တာများနှင့် တိုက်ခိုက်နေမှုအား အကာအကွယ် ပေးနိုင်ရန် အမေရိကန် ကလည်း အကူအညီ ပေးသွားဖွယ်ရှိကြောင်း ပြောဆိုလိုက်သည်။

အစ္စရေး နိုင်ငံသည် အမေရိကန်လုပ် ဒုံးကျည်ကာကွယ်ရေး Vulcan-Phalanx စနစ်အား ၀ယ်ယူရန် အလိုရှိနေပြီး ဒုံးကျည် ကာကွယ်ရေး ရေဒါစနစ်ကိုပါ ၀ယ်ယူ သွားမည်ဖြစ်သည်။ အစ္စရေးသည် ယခုအချိန်တွင် အမေရိကန်ထံမှ အခြားသော ဒုံးကျည် ကာကွယ်ရေး စနစ်နှစ်ခုကို ရရှိထားပြီးဖြစ်သည်။

ယခု ၀ယ်ယူရန် ရည်ရွယ်ထားသော Vulcan-Phalanx စနစ်သည် အစ္စရေးမြို့များ ပေါ်သို့ ကျရောက်လာမည့် ဒုံးကျည်များအား ထီးသဏ္ဍာန် အကာအကွယ် ပေးထားနိုင်သည့် တုန့်ပြန်စွမ်းရည် ရှိကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here