ကြီးမားသည့် တာဝန်ထမ်းဆောင်ရသူ အမျိုးသမီးများ သန္ဓေအောင်နှုန်း လျော့ကျ

alt

အလုပ်ခွင်တွင် တာဝန် ကြီးကြီးမားမား ယူထားရသော အမျိုးသမီး များသည် သားသမီး ရနိုင်ရန် အခွင့်အလမ်း လျော့နည်း သွားတတ်ကြောင်း ဆရာဝန် များက လေ့လာ တွေ့ရှိခဲ့သည်။

အလုပ်ကြောင့် စိတ်ဖိစီးမှု များပြားသော အမျိုးသမီးများသည် ခန္ဓာကိုယ် အတွင်း သန္ဓေအောင်မှု အတွက် အထောက်အကူပြုသော ဓာတု ဟိုမုန်းများ လျော့ကျ သွားစေတတ်သည်ဟု ယူထပြည်နယ် တက္ကသိုလ်မှ ပရော်ဖက်ဆာ အဲလိဇဘက် ကက်ရှ်ဒန်က ဆိုသည်။

ထို့အပြင် အလုပ် များသော အခြေအနေသည် အမျိုးသမီး များ၏ ခန္ဓာကိုယ် ပုံသဏ္ဍန်ကိုပါ ပြောင်းလဲ သွားစေလေ့ ရှိတတ်သောကြောင့် ကလေးရရန် ခဲယဉ်းသော အနေအထားမျိုးသို့ ပိုမို ဦးတည် သွားစေတတ်ကြောင်း ရှင်းပြခဲ့သည်။

အလုပ်၏ သက်ရောက်မှုသည် သန္ဓေအောင်မှု အခြေအနေ အတွက် စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ဖိစီး စေတတ်ကြောင်း ဆရာဝန်များက သတိပေးခဲ့သည်။

အမျိုးသမီးများ၏ ခန္ဓာကိုယ် အတွင်းရှိ မ,ဟိုမုန်းများသည် အလုပ်အပေါ် စူးစိုက်ရသော အလေ့အထ အလိုက် ပြောင်းလဲ သွားတတ်ကြောင်း၊ ထိုအခါ သန္ဓေအောင်စေမည့် ဖို,ဟိုမုန်းများနှင့် ပေါင်းစပ်နိုင်သော စွမ်းဆောင်ရည် သိသိသာသာ လျော့ကျ သွားတတ်ကြောင်း ဆရာဝန်များက သုတေသန ရလဒ်ကို ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here