အာဆီယံ ထိပ်သီးအစည်းအဝေး ဇွန်လတွင် ကျင်းပနိုင်ဖွယ်ရှိ

alt

နိုင်ငံရေး မငြိမ်မသက်မှု များကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရသော အာဆီယံ ထိပ်သီး အစည်းအဝေးကို လာမည့် ဇွန်လအတွင်း ပြန်လည် ကျင်းပသွားနိုင်ရန် မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံ အစိုးရက ထုတ်ဖော် ကြေညာလိုက်သည်။

ဧပြီလ (၂၁)ရက်နေ့က ထိုင်း ၀န်ကြီးချုပ် အဘီဆစ် ဗီဂျာဂျီဗာက အာဆီယံနှင့် အခြား ဆက်နွယ်နေသော အစည်းအဝေးများ အားလုံး ဇွန်လအတွင်း ပြန်လည် ကျင်းပရန် အစိုးရအနေနှင့် ရည်မှန်းချက် ထားရှိကြောင်း ထိုင်း သတင်းထောက် များအား ပြောကြားခဲ့သည်။

Bangkok Post သတင်းဌာန၏ ဖော်ပြချက်အရ အဘီဆစ်သည် တပါတ်ကြာ ကက်ဘိနက် အစည်းအဝေး ထိုင်ကာ ထိပ်သီးများ တွေ့ဆုံမှုကို ဘန်ကောက်မြို့တော် နှင့် ဖူးခက်မြို့များ အနက် မည်သည့်နေရာတွင် ပြုလုပ်မည်ကို ညှိနှိုင်းသွားမည် ဖြစ်သည်။

ဇွန်လအတွင်း သက်ဆိုင်ရာ နိုင်ငံများ၏ ခေါင်းဆောင်များ အနေနှင့် မည်သို့သော တာဝန်များကို ထမ်းဆောင်နေရမည် ဆိုသည့် အချက်နှင့် အစည်းဝေးပွဲသို့ တက်ရောက်နိုင်ခြင်း ရှိမရှိစသော အချက်များကိုလည်း ထည့်သွင်း စဉ်းစားသွားမည်ဟု Bangkok Post သတင်းစာတွင် ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here