စတန့် အမျိုးမျိုးထွင်တဲ့ ဇတ်ဇတ်ကြဲ မမ အေမီဝိုင်းဟောက်စ်

alt

ပြဿနာ ရှာသည့် အဆိုတော်ဟု နာမည်တွင် နေသော အေမီဝိုင်းဟောက်စ် တယောက် ကဗျာစာအုပ် တအုပ် စီစဉ် ရေးသားနေကြောင်း သိရှိရသည်။

ထိုစာအုပ် အတွင်းတွင် သူမ ဘဝတလျှောက် ကြံုတွေ့ခဲ့ရသော ဆင်းရဲ ဒုက္ခများ အကြောင်း ဖွဲ့နွဲ့ တင်ဆက် ထားသည်ဟု အသက်(၂၅)နှစ်အရွယ်ရှိ R&B အဆိုတော် ဂရမ်မီဆုရှင် အေမီက ထုတ်ဖေါ် ပြောလိုက်သည့် အပြင် သူမ၏ စာအုပ် အတွင်းတွင် သူမ သွားရောက်ခဲ့သော ကာရေဘီယန် ကမ်းခြေ ခရီးအတွေ့ အကြံုများနှင့် ထောင်ထဲ ရောက်နေသော သူမ၏ ခင်ပွန်းသည် ဘလိတ်ခ် ဖီလ်ဒါဆီဗီလ် နှင့် သူမအကြား ဆက်ဆံရေးများကိုပါ ထည့်သွင်းရေးသားရန် စိတ်ကူးထားကြောင်း အရိပ်အမြွက် ပြောကြားလိုက်သည်။

အေမီနှင့် နီးစပ်သော အသိုင်းအဝိုင်းက ဗြိတိန်ထုတ် Daily Star သတင်းစာသို့ ပြောကြားခဲ့ရာတွင် အေမီ အနေနှင့် ကာရေဘီယန် ဒေသရှိ စိန့်လူးဝစ်တွင် ပျော်ရွှင်ခဲ့ရသော အခိုက်အတန့်များကို မမေ့နိုင်သေးကြောင်း၊ ထိုအကြောင်းများကို စာအုပ်အတွင်း ထည့်ရေးရန် သေချာ သလောက် ရှိကြောင်း ပါရှိသည်။

အေမီက ပိဒိုဟာတီ လည်း ကဗျာစာအုပ် ထုတ်ခဲ့ဖူးပြီး အောင်မြင်မှုလည်း အထိုက်အလျောက် ရရှိခဲ့ကြောင်း၊ သူမလည်း အလားတူ လုပ်ရပ်မျိုး ပြုလုပ်နိုင်ရန် မျှော်လင့်ထားပြီး ပရိသတ်က အားပေးမည်ဟု ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ တဖန် သူမသည် ကလေးတယောက် မွေးစားရန် ကြံစည်နေကြောင်း သတင်းများလဲ ထွက်ပေါ်နေသည်။

သူမ အလည်အပတ် သွားရောက်ခဲ့ရာ ကာရေဘီယန်ဒေသ၊ စိန့်လူးဝစ်မှ ကလေးငယ် တဦးဦးကို အေမီတယောက် မွေးစားဖို့ စီစဉ်နေကြောင်း သူမ၏ မိတ်ဆွေများက ဆိုသည်။ အေမီသည် စိတ်အပြောင်းအလဲ မြန်တတ်သူ တဦးဖြစ်ပြီး သူမ၏ အနုပညာ အရည်အသွေး ကြောင့်ရော၊ ပြဿနာ ရှာတတ်သည့် အမူအကျင့် များကြောင့်ပါ တဟုန်ထိုး နာမည်ကျော်သူဖြစ်သည်။

အေမီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဂရမ်မီဆုရှင် အဆိုတော်သည် ကလေးတယောက် မွေးစားရန် ဆန္ဒရှိနေကြောင်း အတည်ပြုခဲ့သော်လည်း၊ သူမ အနေနှင့် ဟောလီးဝုဒ် နာမည်ကျော် မင်းသမီး အိန်ဂျယ်လီနာ ဂျိုလီ တို့ ပေါ့ပ်စတား မက်ဒေါနား တို့အား အားကျသဖြင့် စတန့်ထွင်ခြင်း မဟုတ်ပါကြောင်း ငြင်းဆို လိုက်သည်။

အချို့က ထွင်လုံးဟု ဝေဖန်နေသော်လည်း သူမ၏ မိတ်ဆွေများ ကမူ အေမီသည် ကလေးချစ်တတ်သူ တဦးဖြစ်ပြီး သူမ အနေနှင့် အမှန်တကယ် ကလေးတဦး မွေးစားလိုစိတ် ပြင်းပြနေရှာကြောင်း ခုခံကာကွယ် ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here