အချစ် နှင့် အနုပညာ နှစ်ခုစလုံးတွင် အဆင်ပြေအောင်နေသည့် ကီရာနို်က်တလေ

alt

ကီရာ နိုက်တလေက သူမ၏ အနုပညာသည် ဘဝနှင့် အချစ်ရေး နယ်ပယ် နှစ်ခုလုံးတွင် ဘက်မျှ နေစေရန် ဂရုစိုက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဘရစ်ရူးပါတ်ဖရန့်ဒ် နှင့် ချစ်သူများ ဖြစ်နေသော Pirates of Caribbean နှင့် Duchess ဇာတ်ကားများမှ ကမာ္ဘကျော် မင်းသမီးက သူမ၏ အလုပ် နှင့် ကိုယ်ပိုင်ဘဝ အကြား ရှုပ်ထွေးမှုများ ရှိတတ်ကြောင်း ၀န်ခံလိုက်ပြီး “အလုပ်ဘက်ကို အာရုံ စိုက်လွန်းတော့ ဖရန့်ဒ် အပေါ် စိမ်းသလိုမျိုး ဖြစ်သွားတတ် ပါတယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ ဒါမျိုး မဖြစ်အောင် အမြဲတမ်း လိုက်ညှိနေပါတယ်။ ကျွန်မ အတွက် ချစ်သူရော၊ အလုပ်ကပါ အရေးကြီး ပါတယ်”ဟု ထုတ်ဖေါ်ပြောဆို သွားသည်။

တခါတရံ ဖရန့်ဒ် နှင့် အပြင်ထွက်လည်ရန် ချိန်းထားပြီးမှ ရိုက်ကွင်း မပြတ်သဖြင့် ဖရန့်ဒ်အား ဖုန်းဆက်ပြီး အစီအစဉ် ဖျက်ရခြင်းမျိုး ရှိခဲ့ကြောင်း အသက် (၂၄) နှစ်ရှိ ကီရာက ဆိုသည်။

“ဒါမျိုးက သိမ်သိမ်မွေ့မွေ့နဲ့ ခက်ခဲတတ်တဲ့ အခြေအနေ မျိုးပါ။ ကျွန်မကတော့ ဖရန့်ဒ် အနေနဲ့ ကျွန်မ အလုပ်အပေါ် နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီး ကျွန်မ ကိုယ်တိုင်လည်း ဖရန့်ဒ်နဲ့ အချိန်များများ ပိုနေနိုင်ဖို့ အမြဲ ကြိုးစားပါတယ်”ဟု ဩစတြီးယား နိုင်ငံထုတ် Marie Claire မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် သူမ ပွင့်လင်းစွာ ထုတ်ဖော် ပြောဆိုသွားခဲ့ ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here