လူငယ်များအတွက် စိတ်ဖိစီးမှု အများဆုံး နိုင်ငံများ

alt

ဗြိတိန်နိုင်ငံသည် လူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု အရှိဆုံး၊ အဆင်းရဲ အကြပ်တည်းဆုံး နိုင်ငံတခုအဖြစ် ဥရောပတွင် ရပ်တည်နေကြောင်း စစ်တမ်းတခု အရ သိရှိရသည်။

ဥရောပ နိုင်ငံပေါင်း (၂၉) ခုမှ ဆယ်ကျော်သက်ရွယ် လူငယ်များအား သဘောထား ကောက်ခံသော စစ်တမ်းများ အရ ဗြိတိန်သည် အဆင့် (၂၄)တွင် ရပ်တည်နေပြီး ၎င်းအောက်တွင် ရိုမေးနီးယား၊ ဘူဂေးရီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ မော်တာတို့က အစဉ်လိုက် ရပ်တည်နေသည်။

ဗြိတိန်နိုင်ငံရှိ လူငယ်များသည် လိင်မှုကိစ္စများ၊ ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါး ပြဿနာများကြား နစ်မွမ်းနေမှုမှာ အက်စ်တိုးနီးယား၊ ဟန်ဂေရီနှင့် ဆလိုဗေးနီးယား နိုင်ငံများထက်ပင် ဆိုးရွားလျှက်ရှိကြောင်း စစ်တမ်းများက ဖော်ပြထားသည်။

အသက်(၁၆) နှစ်မှ (၁၈) နှစ်ကြား လူငယ် အရေအတွက် ရာခိုင်နှုန်း အတော်များများသည် အလုပ်အကိုင် မရှိသလို ပညာဆက်လက် ဆည်းပူး သင်ယူမှု မရှိဟုလည်း စစ်တမ်းက ဆိုသည်။

ယခုစစ်တမ်းကို ကလေးများ ဆင်းရဲမှုတိုက်ဖျက်ရေး လှုပ်ရှားမှုအသင်းက လေ့လာ ကောက်ခံခဲ့ခြင်း ဖြစ်ပြီး စာရင်းတွင် အကောင်းဆုံး နိုင်ငံအဖြစ် ဟော်လန်၊ ဆွီဒင်နှင့် နော်ဝေး နိုင်ငံများက အစဉ်လိုက် ရပ်တည်နေကြောင်း သတင်းများတွင် ဖေါ်ပြထားသည်။

  • 1. Netherlands
  • 2 .Sweden
  • 3 .Norway
  • 4 .Iceland
  • 5 .Finland
  • 6 .Denmark
  • 7 .Slovenia
  • 8 .Germany
  • 9 .Ireland
  • 10. Luxembourg
  • 11 .Austria
  • 12 .Cyprus
  • 13. Spain
  • 14. Belgium
  • 15. France
  • 16 .Czech Republic
  • 17 .Slovakia
  • 18. Estonia
  • 19. Italy
  • 20. Poland
  • 21. Portugal
  • 22. Hungary
  • 23. Greece
  • 24. United Kingdom
  • 25. Romania
  • 26 .Bulgaria
  • 27 .Latvia
  • 28. Lithuania
  • 29 .Malta

LEAVE A REPLY

Please enter your comment!
Please enter your name here