ဆိုမာလီယာ ပင်လယ်ဓားပြများ ဓာတုပစ္စည်းတင် သင်္ဘောအား ပြန်လွှတ်

alt

ဆိုမာလီယာ ပင်လယ် ဓားပြများက ဓာတု ပစ္စည်းများ တင်ဆောင် လာသည့် ဖိလစ်ပိုင် ကုန်တင်သင်္ဘော တစင်းကို ဧပြီလ (၂၁) ရက်နေ့က ပြန်လွှတ် ပေးလိုက်ပြီဟု သိရသည်။

သင်္ဘော နှင့်အတူ သင်္ဘောသား (၂၃) ဦးလုံး လွတ်မြောက်လာကြောင်း ဖိလစ်ပိုင် ရေကြောင်း အာဏာပိုင်များက အတည်ပြု ခဲ့ပြီး ထို သင်္ဘောသည် လွန်ခဲ့သည့် (၅) လကျော် ကတည်းက ပြန်ပေးဆွဲခံ ထားရခြင်း ဖြစ်သည်။

ယခုသင်္ဘောကို ဓားပြများက ပြန်လွှတ် ပေးလိုက်သော်လည်း နောက်ထပ် သင်္ဘော (၁၆) စင်းနှင့် သင်္ဘောသား အယောက် (၃၀၀) ကျော်တို့ကို ထိန်းသိမ်း ထားမြဲ ဖြစ်သည်။ Sagana ကုမ္ပဏီပိုင် အဆိုပါ သင်္ဘောကြီး အတွက် ပြန်ပေးငွေ မည်၍မည်မျှ ပေးချေခဲ့ရသည်ကို ကုမ္ပဏီ က ထုတ်ပြန် ကြေညာရန် ငြင်းဆိုထားသည်။

Sagana မှ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ဒက်စတာ ကက်စတိုဒီယိုက သင်္ဘော နှင့် သင်္ဘောသားများ လွတ်မြောက် လာမှုအတွက် ကုမ္မဏီ အနေနှင့် အလွန်ကျေနပ် ပျော်ရွှင် မိကြောင်း သတင်းထုတ်ပြန် ခဲ့ပြီး ထို့အတွက်လည်း ဘုရားသခင်ကို ကျေးဇူးတင်မိကြောင်း သတင်းထောက်များသို့  ပြောကြားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here