အခမဲ့ မိုဘိုင်းလ်ရုပ်သံ အမေရိကန်တွင် ကြည့်နိုင်မည်

alt

၀ါရှင်တန် ဒီစီသည် အခမဲ့ ထုတ်လွှင့်သော မိုဘိုင်းလ် ရုပ်မြင် သံကြား Channel တစ်ခု ကို အမေရိကန် ပြည်ထောင်စု တွင် ပထမဆုံး ကြည့်ရှု ခွင့်ရသည့် မြို့တော် အဖြစ် မှတ်တမ်း ၀င်တော့မည် ဖြစ်သည်။

ယခု အစီအစဉ်အရ အဆိုပါ ရုပ်မြင်သံကြား Channel ကို မိုဘိုင်းလ် ကိရိယာများ ဖြစ်သော မိုဘိုင်းလ်ဖုန်း၊ Laptop များ နှင့် မော်တော်ယာဉ် အတွင်းရှိ မိုဘိုင်းလ် TV များမှ ကြည့်ရှုနိုင်မည်ဟု သိရသည်။

ယခုနှစ် နွေရာသီ နှောင်းပိုင်းတွင် စတင် အကောင် အထည်ဖော်မည့် အဆိုပါ စနစ်ကို မိုဘိုင်းလ် DTV ဟု အမည် ပေးထားပြီး ထိုစနစ် အစပြုမည့် အစီအစဉ်ကို ရုပ်မြင်သံကြား လုပ်ငန်းစု ပိုင်ရှင်များက ဧပြီလ (၂၀) ရက်နေ့တွင် ကြေညာခဲ့သည်။

ထို တီဗီလိုင်း အတွက် Receiver အသစ်တမျိုး လိုအပ်မှု ရှိမရှိကိုမူ ကွဲပြားစွာ မသိရှိ ရသေးပေ။ သို့သော်လည်း Dell ကွန်ပျူတာ ကုမ္မဏီက ယခု သီတင်းပါတ်အတွင်း လက်စ်ဗီးဂက်စ် တွင် ကျင်းပ ပြုလုပ်မည့် ကုန်စည်သစ် မိတ်ဆက်ပွဲ အခမ်းအနား တွင် DTV ကို ဖမ်းယူနိုင်မည့် Laptop အငယ်စား တမျိုးကို မိတ်ဆက် တင်ပြသွားမည်ဟု သတင်း ထုတ်ပြန်ထားသည်။

ရုပ်မြင်သံကြား ထုတ်လွှင့်သူများက ယခုနှစ် အကုန်တွင် အခြားသော အမေရိကန်မြို့တော် (၂) ဒါဇင်ခန့်တွင် အဆိုပါစနစ် ထုတ်လွှင့်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ကတိပြုခဲ့သည်။ အဓိကအားဖြင့် နယူးယော့ခ်၊ ဖီလာဒဲလ်ဖီးယား၊ ချီကာဂို၊ ဆန်ဖရန်ဆစ္စကို၊ ဘော်စတွန် နှင့် အတ္တလန္တာ ကဲ့သို့ မြို့တော်ကြီးများတွင် စီမံကိန်း အကောင်အထည် ဖော်နိုင်ရန် ပစ်မှတ် ထားနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here