ပင်မလာ အန်ဒါဆန် ၏ ရေကူးဝတ်စုံ ဈေးကောင်းမည် မျှော်လင့်

alt

ယခုလ အတွင်း လေလံတင် ရောင်းချမည့် မင်းသမီး ပင်မလာ အန်ဒါဆန် ၀တ်ဆင် ခဲ့သော ရေကူးဝတ်စုံမှာ ပေါင်စတာလင် (၂၀၀၀) ကျော်အထိ ဈေး ရမည်ဟု လေလံပွဲ စီစဉ်သူများက မျှော်လင့် နေကြသည်။

ပင်မလာသည် အဆိုပါ အနီရောင် ရေကူးဝတ်စုံကို သူမ၏ နာမည်ကြီး ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ Baywatch တွင် ၀တ်ဆင်ခဲ့သည်။ ထိုလေလံပွဲတွင် ဟောလီးဝုဒ် အမှတ်တရ ပစ္စည်းများကို ရောင်းချမည် ဖြစ်ရာ အန်ဂျလီနာ ဂျိုလီ Tomb Raider ဇာတ်ကားတွင် အသုံးပြုခဲ့သည့် ပစ္စတို နှစ်လက်၊ မင်းသား ဟယ်ရီဆန်ဖို့ဒ် (၁၉၈၂) ခုနှစ် သိပ္ပံဇာတ်ကား Blade Runner တွင် အသုံးပြုခဲ့သော လက်နက်တို့လည်း ပါ၀င်မည် ဟုဆိုသည်။

ဧပြီလ (၃၀) ရက်နေ့ တွင် ကယ်လီဖိုးနီးယား ပြည်နယ် ကာလာဘာဆာစ် တွင် ကျင်းပမည့် လေလံပွဲမှ စုစုပေါင်း ပေါင် (၇၀၀၀၀) ခန့် ၀င်ငွေရရှိမည်ဟု လေလံပွဲ စီစဉ်သူများက မျှော်လင့်ထားခြင်း ဖြစ်သည်။ အသက် (၄၁)နှစ် ရှိပြီ ဖြစ်သော ပင်မလာ သည် (၁၉၉၀) ပြည့်လွန် နှစ်များက Baywatch တွင် သရုပ်ဆောင်ခွင့် ရရှိခဲ့ပြီးနောက် ဆွဲဆောင်မှု ကောင်းသော သူမ၏ ခန္ဓာကိုယ် အလှကြောင့် အမျိုးသား ပရိသတ်အကြား အလွန် ရေပန်းစား ခဲ့သည်။

လေလံပွဲ အစီအစဉ် ခေါင်းဆောင် ဂျိုးမက်ဒယ်လီနာက ယခု လေလံပွဲသည် တသက်တွင် တခါသာကြံုရသော ပရိသတ် အားပေးခဲ့သည့် ဇာတ်ကားများမှ အဓိက ဇာတ်ဆောင်များ ကိုင်တွယ်ခဲ့သော အသုံးအဆောင် များကို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးပင် ဖြစ်ကြောင်း ညွှန်းဆို လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here