ဂျမေကာ နိုင်ငံတွင် လေယာဉ် ပြန်ပေးဆွဲမှု ဖြစ်ပွား

alt

ဂျမေကာ နိုင်ငံတွင် စိတ်ဝေဒနာရှင်ဟု ယူဆရသူ တစ်ဦးက ဘိုးရင်း (737) လေယာဉ်အား ပြန်ပေး ဆွဲခဲ့ကြောင်း သိရသည်။

တနင်္ဂနွေနေ့ည (ဧပြီ၂၀ရက်) တွင် ကနေဒါ နိုင်ငံ CanJet လေကြောင်းလိုင်း မှ ခရီးသည်တင် လေယာဉ်အား မွန်တီဂို ပင်လယ်အော် အနီး၌ ပြန်ပေး ဆွဲခဲ့ခြင်း ဖြစ်သည်။

ပြန်ပေးဆွဲသူ သေနတ်သမားသည် လေယာဉ် အမှုထမ်း (၆) ဦးကို ဓားစားခံအဖြစ် ဖမ်းဆီး ထားပြီး အခြားခရီးသည်များနှင့် လေယာဉ် အမှုထမ်း (၂)ဦး ကိုမူ ပြန်လွှတ် ပေးခဲ့သည်။ နံနက် အစောပိုင်းတွင် လေယာဉ် ပြန်ပေးဆွဲ ခံခဲ့ရ ပြီးနောက် ဂျမေကာနို်င်ငံ ဆန်းစတား နိုင်ငံတကာ လေဆိပ်တွင် အရေးပေါ်ဆင်းသက် ခဲ့ရသည်။

အဆိုပါ လေဆိပ်တွင် လေယာဉ်အား အပိုင်စီးထားသူ သေနတ်သမားက လေဆိပ်တွင် ပိတ်ဆို့ နေရာယူထားသည့် ရဲများကို ပစ်ခတ် ခဲ့သေးကြောင်း သိရသည်။

ဆန်းစတား လေဆိပ်တွင် (၈) နာရီကြာ ထိပ်တိုက် တွေ့ခဲ့ပြီးနောက် လေယာဉ် ပြန်ပေး ဆွဲသူအား ရဲများက ဖမ်းဆီး လိုက်နိုင်ကြောင်း သိရသည်။ လေယာဉ် ပြန်ပေး ဆွဲခဲ့သူမှာ အသက် ၂၀ အရွယ် ဂျမေကာ နိုင်ငံသား တစ်ဦး ဖြစ်ကြောင်း အာဏာပိုင်များက သတင်း ထုတ်ပြန် ကြေငြာလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here