အမေရိကားက နိဗ္ဗာန်ဈေးနဲ့ အတာသကြင်္န်

alt

ယမန်နေ့ က အမေရိကန် နိုင်ငံ၊ အော်ရီဂန် ပြည်နယ်၊ ပို့တ်လန်းမြို့ သိရီမင်္ဂလာ ဘုန်းတော်ကြီး ကျောင်းတွင် နှစ်သစ်ကူး အတာ သကြင်္န်ပွဲနှင့် နိဗ္ဗာန်ဈေး ရောင်းပွဲကို ဘုန်းတော်ကြီး ကျောင်း တည်ရှိရာ အရှေ့မြောက်

ရပ်ဆယ်လ် လမ်းတွင် ကျင်းပရာ အိမ်နီးချင်း ပြည်နယ် အတော်များများနှင့် ကနေဒါနိုင်ငံနှင့် အမေရိကန် နိုင်ငံရောက် မြန်မာမိသားစုများ လာရောက်ကြသည်ကို တွေ့ရှိရသည်။

အခမ်းအနားအား နံနက်ပိုင်း၌ ဘုန်းတော်ကြီးကျောင်းတွင် တရားရေအေး တိုက်ကျွေး၍ အော်ရီဂန်နှင့် ဝါရှင်တန်ပြည်နယ် တို့မှ မိသားစုများမှ ဘုန်းတော်ကြီးများအား ဆွမ်းခဲ ဘောဇဉ်များ စုပေါင်း ဆက်ကပ် လှူဒါန်း ကြကာ၊ နေ့လည်ပိုင်းတွင် ဘုန်းတော်ကြီးကျောင်း အနီးရှိ ရပ်ဆယ်လ် အကယ်ဒမီ မူလတန်းကျောင်း ခမ်းမတွင် နိဗ္ဗာန်ဈေး ရောင်းပွဲတော်နှင့် ကာရာအိုခေ တေးဂီတ ဖျော်ဖြေပွဲ တို့ကျင်းပ ကြသည်။

ထိုဖျော်ဖြေပွဲ ၌ တက္ကဆပ်ပြည်နယ် အခြေစိုက် ဘားမိ(စ်)ကလက်စစ် ဝဘ်ဆိုဒ် အဖွဲ့သားများ၊ အမေရိကန်တေးဂီတ အဖွဲ့ဖြစ်သော Bicycle stating Bandits တို့နှင့် ဝါရှင်တန်ပြည်နယ်၊ ဆန်ဖရန်စစ်ကို၊ အိုင်ဒါဟို၊ ယူထ ပြည်နယ်များနှင့် ကနေဒါနိုင်ငံ ဗင်ကူးဗါး ဘီစီတို့မှ  မြန်မာ မိတ်ဆွေများလည်း ထိုပွဲတော် တက်ရောက်ကြသည်ကို တွေ့ရှိရသည်။

alt

ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေပွဲကို ဒေသခံလူငယ်များ၏ သကြင်္န် အကအလှ ပသာဒများ၊ ဒိုးပတ်ဝိုင်းများ၊ ကရင်ဒုံးယိမ်း နှင့် တက္ကဆပ်နှင့် ဆန်ဖရန်မှ အဖွဲ့သားပေါင်း ၁၅ဦးခန့်နှင့် အထူး လာရောက် အားပေး ဖျော်ဖြေသော ဘားမိ(စ်) ကလက်စစ် ဝဘ်ဆိုဒ် ဝိုင်းတော်သား များလည်း တနေကုန် ဖျော်ဖြေနေသည်ကို တွေ့ရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here