သန်း ၉၀၀ တန် ရှင်ကွဲ ကွဲရဲတဲ့ မဲဘ်ဂစ်ဘ်ဆင်

alt

Leather weapon, Brave Heart ရုပ်ရှင်များအပြင် ဂျူလီယာ ရောဘတ်နှင့် ရိုက်ကူးသော Conspiracy Theory စသည့် ရုပ်ရှင်များနှင့် တဟုန်ထိုး နာမည်ရလာသော မဲလ်ဂစ်ဘ်ဆင် ( ၅၃နှစ်)သည်၊

ယခင် အပါတ်က အနှစ်၃၀နီးပါး ပေါင်းသင်း လာသော ဇနီးသည် ရော်ဘင် မိုးလ် အား ကမာ္ဘပေါ်တွင် ကွာရှင်းစရိတ် အမြှင့်မားဆုံး ဒေါ်လာ မီလျံသန်း ၉၀၀ ပေး၍ ကွာရှင်းပြတ်စဲ လိုက်သည်ကို ဟောလီးဝုဒ် အသိုင်းအဝိုင်းတွင် အုတ်အော် သောင်းတင်း ဖြစ်ခဲ့ကြရသည်။

အော်စကာ ရုပ်ရှင်ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ အိုင်ကွန်း တေးသံသွင်း စတူဒီယို ပိုင်ဆိုင်သူ မဲလ် ဂစ်ဘ်ဆင်မှာ ထိုသို့ ကွာရှင်း ပြတ်စဲရသော အကြောင်းရင်းခံအား ယနေ့ထုတ် ဟောလီးဝုဒ် သတင်းများတွင် စုံလင်စွာ ဖေါ်ပြထားသည်။

မဲလ် ဂစ်ဘ်ဆင်၏ လှို့ဝှက်ချစ်သူ အိုဆာနာ ဂရီဂိုရီဗါလ် ( ၃၉နှစ် ) ဆိုသူ ရုရှား အမျိုးသမီး အဆိုတော် တဦး နှင့် ကော့စတာရီကာကျွန်းတွင် အပန်းဖြေခရီး ထွက်နေသည်ကို people မဂ္ဂဇင်း အချက်အလက်များ အရ သိရှိရသည်။ ယခင် ဂျိမ်းစဘွန်းမင်းသား တင်မသီ ဒယ်တန်၏ ဇနီးဟောင်း ဖြစ်သူ ဂရီဂိုရီဗါးလ် ယခုနေထိုင်သည့် ကယ်လီဖိုးလ်နီးယား သျှားမင်းအုတ် အရပ်ရှိအိမ်မှာ ယခင်နှစ် ဒီဇင်ဘာလ ကတည်းက မဲလ်ဂစ်ဘ်ဆင်ပိုင် အိုင်ကွန်း ကုမ္မဏီမှ ဝယ်ယူ ပိုင်ဆိုင်ထားသော အိမ်ဖြစ်သည်။

ဂရီဂိုရီဗါးလ်မှာ လှို့ဝှက်သိုသိပ်စွာ နေထိုင်တတ်သူ ဖြစ်ပြီး သူမ၏ နောက်ထွက်မည့် ရုပ်ရှင် Edge of Darkness ရိုက်ကူးရင်း ဘော်စတွန်တွင် မဲလ်ဂစ်ဆင်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ကာ သားတဦး ရှိပြီး လော့(စ်)အိန်ဂျလိ(စ်)တွင် ယခင်က နေထိုင်ခဲ့သူ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here