ခပ်သျှာ နှင့် အော်ပရာ တို့ ကြောင့် ဆိုရှယ်နက်ခ်ဝပ် Twitter ၌ လူ၁သန်း တိုးလာ

alt

အမေရိကန် အရှေ့ဖျား စံတော်ချိန် သောကြာနေ့ အစောပိုင်း ၂း၁၃နာရီက အော်ပရာ ဝင်းဖရေး ၏ ကျော်ကြားသူ တို့နှင့် စကားစမြည် ပြောဆိုသော Talk Show တွင်

Twitter တည်ထောင်သူ အီဗင် ဝီလျူံ ၊ အေဘီစီ သတင်းဋ္ဌာနမှ ဂျော့ရှ် စတီဗင်နို ပေါလို နှင့် ဇနီးသည် တို့နှင့် စကားပြော ရှိုးတွင် အော်ပရာ၏ ဖိတ်ခေါ်မှုဖြင့် Skype မက်ဆင်ဂျာမှ ဝင်ရောက် ဆွေးနွေးသော ရုပ်ရှင်မင်းသမီး ဒင်မီမိုး၏ အတူနေ သူငယ်ချင်း မင်းသား အက်ရှ်တန် ခပ်သျှာတို့၏ စည်ရုံးလှုံ့ဆော်မှုဖြင့် Twitter ဆိုရှယ်နက်ခ်ဝပ်တွင် မင်းသား၏ တွီတာ အဖွဲ့ဝင်အဖြစ် ကမာ္ဘတဝှမ်းမှ အသင်းဝင် ၁သန်းအထိ ချက်ခြင်းတိုးမြှင့် လာသည်ဟု စီအန်အန် သတင်းဋ္ဌာနကြီးက ကြေညာလိုက်သည်။

အခြား ခိုင်လုံသော သတင်းဋ္ဌာနများ ကမူ စီအန်အန် ကြေညာသော အချိန်တွင် အဖွဲ့ဝင် 998,239 ဦးသာ ရှိသေးသည်ဟု ထောက်ပြပြောဆို ကြသည်။မင်းသား ခပ်သျှာမှာ စကိုက် မက်ဆင်ဂျာမှ ဗွီဒီယို Live ဝင်ရောက် ဆွေးနွေးခဲ့ပြီး နောက်နေ့ နံနက်တွင် တွီတာ နက်ခ်ဝပ် တွင် အက်ရှ်တန် ခပ်သျှာ နှင့် အော်ပရာဝင်းဖရေး တို့ကြောင့် တွီတာ ပရိသတ်ဦးရေ ဟစ် ၁သန်းကျော် တိုးခဲ့ရသည်ဟု စီအန်အန်မှ ကြေညာလိုက်သည်။

သောကြာနေ့ မနက် အော်ပရာ၏ တွီတာ အင်တာနက် ကိုယ်ပိုင်စာမျက်နှာတွင် ” HI TWITTERS. THANK YOU FOR A WARM WELCOM. FEELING REALLY 21st CENTURY.” ဟု ရေးသားထားပြီး၊ ခပ်သျှာ ကမူ ယင်းရလဒ် အတွက် I Will Ding Dong Ditch Ted Turner’s House ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here