ဆိုင်ကလုန်း ဘိဂျလိ အရှိန်လျော့ပါးသွားဟု မြန်မာ မိုး/ဇလ ကြေညာ

alt

ယခင်အပါတ် စနေနေ့မှ စတင်ကာ မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဋ္ဌာနမှ အပူပိုင်း မုတ်သုန်ရာသီီ ဆိုင်းကလုန်း မုန်တိုင်းတခု မြန်မာနိုင်ငံသို့ ဦးတည်နေကြောင်း ကြေညာ၍ ပြည်သူ အများ ရတက် မအေးကြရသော

ဘိဂျလိ အမည်ရ မုန်တိုင်းသည် မူလ လမ်းကြောင်းမှ  အရှိန် လျော့ပါးသွားပြီဟု ထပ်မံ ကြေညာ လိုက်သည်။

မြန်မာနိုင်ငံ အနောက်ဖက်ကမ်းရိုးတန်းသို့ ဦးတည်နေသော ထိုဆိုင်ကလုန်း မုန်းတိုင်း အကြွင်းအကျန် များသာ သည်းထန်သော မိုးအဖြစ် မြန်မာနိုင်ငံ အနောက်ဖက် ကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တို့တွင် ရွာသွန်းနိုင်ပြီး၊ မြစ်ရေကြီးခြင်း လောက်သာ ဖြစ်ပေါ် နိုင်သည်ဟု ကြေညာသည်။

အစောပိုင်း တိုင်းထွာချက်များ အရ ရုတ်တရက် ဒီရေ ထိုးတက်ခြင်း များမှ မုန်တိုင်းအဖြစ် ပြောင်းလဲ သွားနိုင်သောကြောင့် ယခုကဲ့သို့ ကြေညာရခြင်း ဖြစ်သည်ဟု အေပီ သတင်းဋ္ဌာနသို့ မိုးလေဝသ နှင့် ဇလဗေဒ ဦးစီးဋ္ဌာနမှ ညွှန်ကြားရေးမှူးချူပ် ဦးထွန်းလွင်မှ ဖြေကြားသည်။

ယနေ့ စနေနေ့ အစောပိုင်းတွင် မုန်တိုင်း အဖျားပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒက္ကားနှင့် ၁၈၅မိုင်ကွာဝေးသော စစ်တကောင်းတွင် ဝင်ရောက်နေပြီး ဒေသတွင်း ETV တီဗွီသတင်းများ အရ ကောက်ဘဇား အရပ်တွင် ၉နှစ်အရွယ် ခလေးငယ်တဦး သေဆုံးသည်မှ လွဲ၍ ကြီးမားသောပျက်စီး ဆုံးရှုံးမှု မရှိချေ။

ကမာ္ဘမုန်တိုင်းဒါဏ် အခံရဆုံး ဘင်္ဂလားဒေ့ရှ်တွင် အပူပိုင်းဒေသ မုန်တိုင်းများကြောင့် ၂၀၀၇ ခုနှစ်တနှစ်လုံး လူပေါင်း ၃၅၀၀ သေဆုံးသော်လည်း၊ အိမ်နီးချင်း မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တခုထဲကြောင့် လူပေါင်း ၁သိန်း၄သောင်းကျော် သေဆုံးခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here